ဧပြီလ ၂၃ ရက် တနင်္ဂနွေနေ့။မနက် ၉နာရီ၌ လောင်းလုံမြို့နယ် ဂေါ့အင်းကျေးရွာရှိ ရတနာသီရိကျောင်း၌ထားဝယ်လူမျိုးစုစည်းရေးကိုဆွေးနွေးခဲ့ရာ ရေဖြူဇုံမှတက်ရောက်ကြသူဦးရေ
၂၀၀ကျော်ရှိကြောင်းသိရှိရသည်။ စုစည်းရေးအတွက်ကော်မတီတစ်ရပ်ကိုလည်းဖွဲ့စည်းနိုင်ခဲ့ သည်။
ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ |
သာကျောင်း၌တွေ့ဆုံဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ရာ တက်ရောက်သူပေါင်း ၂၅၀ ကျော်ရှိခဲ့ပြီးထားဝယ်လူမျိုး စုစည်းမှု(သကျက်တောဇုန်)ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ |
ယင်းညီလာခံတွင် ဆွေးနွေးမည့်ခေါင်းစဉ်များနှင့် ထားဝယ်အမျိုးသားအလံ၊တံဆိပ်၊ ထားဝယ်အမျိုးသားနေ့သတ်မှတ်နိုင်ရန်အကြံပြုကြရန်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ထားဝယ်လူမျိုးများအနေဖြင့် နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊မြေယာ သဘာဝသယံဇာတ နှင့်ပတ်သက်၍
မည်သို့ပုံဖော်ကြမည်ဆိုသော မူဝါဒအတွက်အကြံပြုစာတမ်းများပေးပို့ကြရန်ဆွေးနွေးခဲ့ပါသည်။
ထားဝယ်အမျိုးသားအလံ ၏ အရွယ်အစားမှာ ၃း၂ ဖြစ်၍ အလံဒီဇိုင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုပေးရမည်။
ကော်မတီမှ ရွေးချယ်ခံရသောအလံဒီဇိုင်းအတွက် ဥာဏ်ပူဇော်ခ ၂သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း
ကော်မတီ၏နာယကအဖွဲ့ဝင် ဦးစိုးထွေး ထံမှသိရှိရသည်။
Lwintmgmg Daily News