Headlines News :
Home » » မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်း ဖောက်ထွင်းခံရ

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်း ဖောက်ထွင်းခံရ

Written By Live100 on Tuesday, April 25, 2017 | 9:52 PM

မန္တလေးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောရဲ့ရုံးခန်း ဖောက်ထွင်းခံရပြီး မီးခံသေတ္တာတလုံး အခိုးခံရပါတယ်။
ဒီဖောက်ထွင်းမှုဟာ သူ့ရဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်သွားနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး စီစီတီဗွီမှတ်တမ်းအရ ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်း  ၂ နာရီနဲ့ ၄ နာရီကြားမှာဖြစ်ပွားခဲ့တာလို့ ဦးစိုင်းကျော်ဇောက ပြောပါတယ်။
“ကျနော့် ကိုယ်ပိုင် မီးခံသေတ္တာလေး၊ ကျနော့် ရုံးခန်းထဲမှာပဲ ထားပြီးတော့  ကျနော့်ရဲ့ personal case တွေထည့်တဲ့ ဖိုင်မီးခံသေတ္တာပါ။ ပိုက်ဆံတော့ သုံးလေးသောင်း နည်းနည်းပါသွားပါ တယ်။ တန်းဖိုးကတသိန်းအောက်မှာပဲ ရှိပါတယ်။”
သူ့အနေနဲ့ ဧပြီ ၁၉ ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်က ၂၀ ရက်နေ့ မနက်အစောပိုင်းမှာဖြစ်တာလို့ ပြောပါတယ်။ ဖောက်ထွင်းသူက ပိုက်ဆံလိုချင်လို့ ဖောက်ထွင်း တာလို့ ယူဆရကြောင်းလည်း ပြောပါတယ်။
ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လည်းပြောပါတယ်။  
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template