Headlines News :
Home » » UNFC က NCA လက်မှတ်ထိုး လိုကြောင်း ဒေါက်တာတင်မျိုး ဝင်း ပြောကြား

UNFC က NCA လက်မှတ်ထိုး လိုကြောင်း ဒေါက်တာတင်မျိုး ဝင်း ပြောကြား

Written By Live100 on Saturday, April 29, 2017 | 11:28 PM


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က ကျင်းပတဲ့ UNFC အဖွဲ့နဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ဒေါက်တာတင်မျိုးဝင်း ကို တွေ့ရစဉ် Photo: Aung Moe Myint/ RFA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကိုလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးရယူဖို့ တိုင်းရင်းသားအားလုံးက သဘောထား ဆန္ဒတစ်ခုတည်းရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ခူဦးရယ် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဧပြီလ ၂၈ ရက်နေ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဒေါက်တာ တင်မျိုးဝင်း က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

“တိုးတက်အောင် ကျနော် အများကြီး ဆွေးနွေးနိုင်ပါတယ်၊ အဓိကကတော့ NCA ထိုးပြီးတော့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ရဖို့အတွက်ကို အားလုံးကနေပြီးတော့ သဘောထား ဆန္ဒတစ်ခုတည်း ရှိတဲ့အတွက် အားလုံး တဖက်နဲ့တဖက် ရင်းရင်းနှီးနှီး ယုံကြည်မှု တည်ဆောက်နိုင်တဲ့အပြင် နိုင်ငံရေး အရ ပြောရမယ်ဆိုရင် တိုးတက်မှုအများကြီးရှိတယ်လို့ ကျနော် ပြောချင်ပါတယ်”

ဒီအစည်းအဝေးမှာ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးခွင့်မပြုပဲ နိုင် ငံရေးဆွေးနွေးပွဲသာ တက်ရောက်ခွင့်ပေးမယ် ဖို့ ပြောကြားထားခဲ့တဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး LDU နဲ့ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့တွေကို အခု အစိုးရက NCA လက်မှတ်ရေးထိုးခွင့်ပြုမှာဖြစ်ကြောင်း အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမည်မဖော် လိုတဲ့ အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးပြီးရင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား နှစ်ဖက်သဘောတူညီချက်စာချူပ်တစ်ခု ချူပ်ဆိုဖို့ အတွက်လည်း မနေ့က အစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲမှာ DPN အဖွဲ့ကနေ ငြိမ်းချမ်းရေးကော်မရှင်ထံ အဆိုပြုတင်ပြထားတဲ့ အချက် ၉ ချက် နဲ့ ပတ်သက်လို့တော့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ကြောင်း ခူဦးရယ် က ပြောပါတယ်။

“ကျနော်တို့က မူအားဖြင့်ပဲ သဘောတူထားတာလေ ဆိုတော့ မူအားဖြင့် ဆိုတဲ့အခါကြတော့ အသစ်ပြင်စရာရှိတာကိုလည်း ပြုပြင် တယ်ပေါ့နော် နောက်ပြီးတော့ ကျနော်တို့ အပြန်အလှန် ညှိရတာတွေလည်း ရှိတယ်ပေါ့၊ အဲ့ဒီ အပေါ်မှာကတော့ ယတိပြတ် ဆုံးဖြတ်ချက်တွေတော့ မချနိုင်သေးဘူး နှစ်ဖက်စလုံးက ကျနော်တို့ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲပဲ၊ အမြန်ဆုံး ကတော့ ကျနော်တို့ သဘောတူနိုင်မည့် အနေအထားမျိုးရောက်ဖို့ ဆိုတာကတော့ ဆက်လက် ညှိနှိုင်းသွားရအုံးမှာပါ”

မနေ့က ဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပြီး လာမည့် မေလလယ် ပိုင်းမှာ ထပ်မံ တွေ့ဆုံကြဖို့ သတောတူခဲ့ကြကြောင်း၊ အဲဒီနောက် တကြိမ်ဆွေးနွေးပွဲမှာ သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ မေလ ၂၄ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမတိုင်ခင်မှာ UNFC အဖွဲ့ဝင်တွေအနေနဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template