Headlines News :
Home » » သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်

သျှမ်းပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ကချင်စစ်မျက်နှာသို့ အင်အားဖြည့်

Written By လွင့်မောင်မောင် on Wednesday, January 16, 2013 | 11:26 PM


လတ်တလော KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ် အတွင်းသို့ သျှမ်း ပြည် (မြောက်ပိုင်း) မှ အစိုးရတပ်များ ပို့ဆောင်နေကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည် ။

သျှမ်းပြည် (မြောက်ပိုင်း) သိန်းနီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံ တပ်ရင်း ၂ ရင်း ယခုရက် ပိုင်း အတွင်း ကချင် ပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“စကခ ၁၆ အောက်က ခမရ ၅၂၂ ရယ် နောက်ထပ်တစ်ရင်းပေါ့။ ဒီရက်ပိုင်း ကချင်ဘက်ကိုကူး သွား တယ်။ မန့်ဝိန်းကြီး ဘက်က နေသွားလိုက်တယ်။ ဗမာတပ်ဘက်က အကျအဆုံးများနေတာလည်း ပါတယ်။ နောက်တစ်ခုက ထိုးစစ်အရှိန် ထပ် မြှင့်မဲ့ အနေအထားလည်း ဖြစ်နိုင်တာပေါ့ ” ဟု သူက ဆိုသည် ။

ဒီဇင်ဘာလလယ်ပိုင်းကစ၍ အစိုးရတပ်များက ကချင်ပြည်နယ်အတွင်းရှိ KIO / KIA ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက် KIA တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေရာ နှစ်ဘက် တိုက်ပွဲများ ယနေ့အထိ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ် သည် ။

လက်ရှိ နှစ်ဘက်တိုက်ပွဲ အခြေအနေကို KIA နှင့်အတူ တိုက်ပွဲဝင်နေသည့် ABSDF ကျောင်းသားတပ်မှူး တစ်ဦးက - “ဒီမနက် ၇ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ လဂျာ ယန်တစ်ဝိုက် လိုင်ဇာတစ်ဝိုက် လျှောက်ပစ်နေတာပေါ့။ မနေ့ကတော့ လိုင်ဇာကိုကာထားတဲ့ ခါရာပို့စ်ကို သူတို့အင်အား အလုံးအရင်းနဲ့ တက်ထိုးတယ် ။ လေယာဉ်နဲ့က ၂ ကြိမ်ပစ်တာပေါ့ လိုင်ဇာအပေါ်ကုန်း KIA စစ်ရုံးချုပ်ရှိတဲ့ အလင်းဘွန်ကိုလည်း ၀င်ပစ်သွားတယ် ” ဟု ဆိုသည်။

ယမန်နေ့က ခါရာဘွမ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်သည့် အစိုးရ တပ်မ ၁၀၁ လက်အောက်ခံ တပ် များ အကျအဆုံး များသဖြင့် ရှေ့ဆက်မတိုးနိုင်ပဲ ဆုတ်ခွာသွားကြောင်း သူက ဆိုသည် ။

“တိုက်ပွဲက မနေ့ မနက်ပိုင်းကနေစဖြစ်တာပေါ့။ လေကြောင်းပစ်ကူက ညနေ ၂ နာရီ ၄၀ လောက်မှာ တစ်ကြိမ် ၊ ၄ နာရီ လောက်မှာ တစ်ကြိမ် ပစ်ကူပေးတယ်။ သူတို့ဘက်က ၄၀ ကျော်လောက်ကျ သွား တယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ ရှေ့မတိုးနိုင်တော့လို့ မနေ့က ညနေပိုင်းမှာ တပ်တွေပြန် ဆုတ်သွားတယ် ” ဟု ဆိုသည် ။

ယခုအခါ KIAကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အစိုးရတပ်ရင်းပေါင်း ရာဂဏန်းကျော်ရှိနေပြီး မြစ်ကြီး နားမြို့ အခြေစိုက် မပခစစ်တိုင်း လက်အောက်ခံတပ်များ အပြင် အခြား စစ်တိုင်းလက်အောက်ခံ တပ်ရင်းများနှင့် ပြည်မရှိ တပ်မ ၄ ခုခန့် ပါဝင်ကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template