ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက
“နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ
မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ
ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး
မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က
ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက
လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြောတာက မြို့နယ် သံဃာနာယကသည်
တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင်
ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။