Headlines News :
Home » »  ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း နိုင်ငံခြားဧည့်သည်များအတွက် ဟိုတယ်အခန်းခ တစ်ဦးလျင် ဒေါ်လာ ၅၀ သတ်မှတ်

 ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း နိုင်ငံခြားဧည့်သည်များအတွက် ဟိုတယ်အခန်းခ တစ်ဦးလျင် ဒေါ်လာ ၅၀ သတ်မှတ်

Written By လွင့်မောင်မောင် on Saturday, January 19, 2013 | 1:40 PM


ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုအား တွေ့ရစဉ်
ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း လာရောက်သော နိုင်ငံခြားဧည့်သည်များအတွက် ဟိုတယ်အခန်းခနှုန်းထားအား တစ်ရက်လျင် ဒေါ်လာ ၅၀ သတ်မှတ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြန်မာနိုင်ငံမှ လက်ခံကျင်းပသွားမည်ဖြစ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် လက်ခံကျင်းပမည် ဖြစ်သောနေရာများရှိ ဟိုတယ်များအား အခန်းများမှာယူထားခြင်းနှင့် အခန်းနှုန်းထားများ သတ်မှတ်ခြင်းတို့ လုပ်ဆောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦး တင့်ထွန်းအောင်မှ ''ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းကို အပြီးသတ်လုပ်ဆောင်ပြီးပါပြီ။ နောက်ပြီး ဆီးဂိမ်းပြိုင်ပွဲကာလမှာ နိုင်ငံခြားဧည့်သည်တစ်ဦးကို တစ်ရက်ဒေါ်လာ ၅၀ သတ်မှတ်ထားပါတယ်'' ဟု ပြောကြားသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အရှ ဆီးဂိမ်းပြိုင်ပွဲများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင်တို့တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဟိုတယ်အရံခန်းများအတွက် နေပြည်တော်တွင် ဟိုတယ်အလုံး ၄၀၊ ရန်ကုန်တွင် ဟိုတယ် ၁၀ လုံး၊ မန္တလေးတွင် ၄ လုံးနှင့် ငွေဆောင်တွင် ၃ လုံးတို့အား ထားရှိထားမည်ဖြစ်ကြောင်းလည်း အထက်ပါအရာရှိက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မှီ ဟိုတယ်များတွင် တစ်ညလျင် အခန်းခ ဒေါ်လာ ၁၅၀ အောက် သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်ဇုန်များအား ဖော်ထုတ်လျက်ရှိကြောင်း၊ လက်ရှိတစ်နိုင်ငံလုံးတွင်  ဟိုတယ်အဆင့် သတ်မှတ်ထားမှုမှာ ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
၂၀၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ၁ သန်းကျော် ၀င်ရောက်ခဲ့ကြောင်းလည်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template