Headlines News :
Home » » သီတဂူဆရာတော်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံမှ အရေပြားဆရာဝန်တစ်ဦးမှ အရေပြားဒဏ်ရာ အရှင်းမပျောက်သေးသည့် သံဃာတော်များအား လာရောက်ကုသပေး

သီတဂူဆရာတော်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံမှ အရေပြားဆရာဝန်တစ်ဦးမှ အရေပြားဒဏ်ရာ အရှင်းမပျောက်သေးသည့် သံဃာတော်များအား လာရောက်ကုသပေး

Written By လွင့်မောင်မောင် on Friday, January 18, 2013 | 11:40 PM

စစ်ကိုင်းတိုင်းဒေသကြီးရှိ သီတဂူဆရာတော် ဦးဆောင်ဖွင့်လှစ်ထားသည့် သီတဂူအာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် လက်ပံတောင်း ဒဏ်ရာရ သံဃာတော်များအား သီတဂူဆရာတော်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံမှ အရေပြားဆိုင်ရာ ဆရာဝန်တစ်ဦးမှ လာရောက်ကုသပေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၉၀ကျော်တို့သည် ဇန်န၀ါရီလ ၆ရက် နှင့်၇ရက်နေ့ တို့တွင် သီတဂူအာယုဒါန ဆေးရုံသို့ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ ယင်းတို့အနက်မှ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော် ၁၇ပါးနှင့် လူပုဂ္ဂိုလ်၃ဦးကို ဆေးရုံတွင် ဆက်လက် ကုသပေးလျက်ရှိကြောင်း သိရ သည်။

'' အာယုဒါနဆေးရုံကို ရောက်နေတဲ့ သံဃာတော်တွေက အရင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့တဲ့သူတွေဖြစ်တယ်။  ဆေးရုံက သက်သာပြီဆိုပြီး ဆင်းခိုင်းခဲ့ပေမယ့် နောက်ပိုင်း အဲဒီသူတွေရဲ့ဒဏ်ရာတွေက မကောင်းသေးတဲ့အတွက် သီတဂူဆရာတော်က ဆေးဆက်ကုပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ တချို့က အရေပြား အစားထိုးတာတွေကိုတောင် လုပ်ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်''ဟု ဒဏ်ရာရသံဃာတော်များ စောင့် ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားခဲ့သည်။

ဆေးရုံ တက်ရောက်ကုသနေသည့် သံဃာတော် ၁၇ပါးအနက်မှ အရေပြားအစားထိုးရန် လိုအပ်သည့် သံဃာတော်သုံးပါးနှင့် ခွဲစိတ်ကုသ ရန် လိုအပ်သည့် သံဃာတော်လေးပါးအား အင်္ဂလန်နိုင်ငံမှ အရေပြားဆိုင်ရာဆရာဝန်နှင့် အာယုဒါန ဆေးရုံမှ ဆရာဝန်များ ပူးပေါင်း၍ ခွဲစိတ်ကုသပေးပြီး ဖြစ်ကြောင်းနှင့် ဆေးရုံတက်ရောက်ကုသနေသူများ အားလုံး လက်ရှိတွင် ကျန်းမာရေး ကောင်း မွန်လျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာပြင်းထန်သည့် သံဃာတော်နှစ်ပါးသည် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့၏ ဆောင်ရွက်ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလျက်ရှိရာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်သော်လည်း ဆရာတော် ဦးတိက္ခဥာဏမှာ ကာလကြာရှည်စွာ ဆေးကုသမှု ခံယူရဦးမည်ဖြစ်ကြောင်းနှင့် အရှင်သဇ္ဇနမှာ ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် နောက်တစ်ပတ်ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားခဲ့သည်။
 Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template