Headlines News :
Home » » ဖားကန့်ဒေသ တိုက်ပွဲတွေဆက် ဒေသခံတွေ အမြာက်အများ နယ်စပ်ပြေး

ဖားကန့်ဒေသ တိုက်ပွဲတွေဆက် ဒေသခံတွေ အမြာက်အများ နယ်စပ်ပြေး

Written By လွင့်မောင်မောင် on Wednesday, January 16, 2013 | 11:32 PM

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေတစ်ဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ ဒီကနေ့မနက်ပိုင်း ၁၁နာရီလောက်ကစပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရတပ်တွေဟာ ကေအိုင်အေတပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင်ပတ်ဝန်းကျင်လောက်အထိ ရောက်ရှိနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ကြားနေရတဲ့အတွက် ကံစီးပတ်ဝန်းကျင်နားက လီးဆူးတိုင်ရင်းသားတွေ အခြေချနေထိုင်တဲ့ ဗော်ဇာဒီးကျေးရွာတစ်ရွာလုံးနီးပါး ဒီကနေ့ ၁၂နာရီလောက်က လုံးခင်းကျေးရွာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောင်းရွှေ့တဲ့ထဲမှာပါတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၃နာရီလောက်က အစိုးရ ရဟတ်ယာဉ်နှစ်စီး လုံးခင်းကျေးရွာပေါ်ကနေ ဝေ့ဝိုက်ပျံသန်းခဲ့ပြီး အစိုးရစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ကြားရတယ်လို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ လုံးခင်းဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။

လက်ရှိအခြေအနေတွေကြောင့် လုံးခင်းနဲ့ မှော်စီစာ ကျေးရွာက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြားလာပြီး အဲဒီ့စစ်ဘေးရှောင်ပြည်သူတွေကို လုံးခင်း NLD ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေက အကူအညီပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် လုံးခင်းဒေသကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။RFA

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template