Headlines News :
Home » » ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ 2013-01-13

ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ 2013-01-13

Written By လွင့်မောင်မောင် on Sunday, January 13, 2013 | 9:57 PM

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဇန်နဝါရီ ၁၃ရက် ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့က ဇန်န၀ါရီလ ၁၂ရက် ညနေပိုင်းမှာ အစိုးရစစ်ယာဉ်တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေးရွာပတ်ဝန်းကျင်တဝိုက်ကို ဝင်ရောက်လာပြီး နေရာချထားခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ အဲဒီနေရာချထားတဲ့တပ်တွေနဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေကြတာပါ။
လုံးခင်းတ၀ိုက် တိုက်ပွဲဖြစ်ပြီး စိုးရိမ်မှုတွေကြောင့် ကုဋေမှော်၊ မားဆား၊ ကထန်ယန်၊ ဆန်ခါ၊ မဇွပ်ယန်စတဲ့ ရွာတွေက ဒေသခံတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်မှာ လာရောက်ခိုလှုံနေကြပါတယ်။
သတင်း-RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template