16 October 2014
နီပေါနိုင်ငံ
ဟိမဝန္တာတောင်တန်းမှာ နှင်းမုန်တိုင်းနဲ့ နှင်းတွေ တောင်အောက်
လျှောကျမှုတွေ ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး
လူပေါင်း တစ်ရာကျော် ပျောက်ဆုံးနေပါတယ်။
အဲဒီဒေသဟာ တောင်တက်သမားတွေအကြား နာမည်ကြီးတဲ့ ဒေသဖြစ်ပြီး သေဆုံးသူတွေထဲမှာ နိုင်ငံခြားသာ တောင်တက်သမားတွေလည်း ပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ
တနင်္ဂနွေနေ့က ကျရောက်တဲ့ Hudhud မုန်တိုင်းရဲ့ လက်ကျန်ရာသီဥတုရဲ့
ဒဏ်ကို နီပေါနိုင်ငံ Annapurna Circuit ဒေသက တောင်တက်သမားတွေနဲ့
သူတို့ရဲ့ လမ်းပြတွေက ခံခဲ့ရတာ ဖြစ်ပါတယ်။
နှင်းမုန်တိုင်းနဲ့
နှင်းတွေ ပြိုကျမှုကြောင့် လူပေါင်း ၂၀ ရဲ့ အလောင်းကို ရဲတွေ
တွေ့ရှိခဲ့ပြီး တချို့လူတွေ ပိတ်မိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
သေဆုံးသွားတဲ့
တောင်တက်သမားတွေထဲမှာ အစ္စရေး၊ ပိုလန်၊ ကနေဒါ၊ အိန္ဒိယနဲ့
ဗီယက်နမ်နိုင်ငံသားတွေ ပါဝင်ပါတယ်။ ရာသီဥတု ဆိုးဝါးမှုကြောင့်
အလောင်းတွေကို ပြန်မသယ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
တောင်တက်သမား
အယောက် ၁၀၀ လောက် အဲဒီနေရာမှာ ရောက်ရှိနေတယ်လို့ ခန့်မှန်းရတဲ့အတွက်
ရှာဖွေမှုတွေ၊ ဆက်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ ဖုန်းအဆက်အသွယ်
မကောင်းတဲ့အတွက် တောင်တက်သမားတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။
ဒီလို
ရာသီအတွင်း တောင်တက်ဖို့ ကောင်းမွန်တဲ့အတွက် အဲဒီနေရာကို
တောင်တက်သမား ထောင်နဲ့ချီ လာရောက်လေ့ရှိတယ်လို့လည်း အေဘီစီ သတင်းထောက်
Stephanie March က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia