Home »
ထူးဆန်းထွေလာ
» ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား
ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား
အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ
ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါဝင်သော ကလးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား
ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောင်္ကျားအင်္ဂါ နှစ်ခု၊ မ
အင်္ဂါတစ်ခု ပါဝင်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု
သိရသည်။
ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ မွေးတာပါ။
မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်ဝေေ၀မာတို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့
ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်”
ဟု ဆိုသည်။
ကလေး၏ ကိုယ်အလေးချိန်မှာ ၇ ပေါင်ကျော်ရှိကြောင်း၊ ယခုအခါ ကလေးငယ်အား
ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့
အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။
(နိရဉ္စရာ- ၁၆ အောက်တိုဘာ ၂၀၁၄) / နေဇော်