ပုံစာ - ဂူရာပူရာဗာ အကျဉ်းထောင် ခေါင်မိုးပေါ်မှ အကျဥ်းသားများ။ ယင်းတို့က လူခုနှစ်ဦးကို မီးရှို့ပြီး အကျဉ်းထောင် ခေါင်မိုးပေါ်မှ ပစ်ချခဲ့ သည်။ ဓာတ်ပုံ - Mirror
ဘရာဇီး နိုင်ငံတောင်ပိုင်း ဂူရာပူရာဗာရှိ အကျဉ်းထောင် တစ်ခုတွင် ထောင်အုံကြွမှု ဖြစ်ပွားရာ အကျဉ်သား များက ဖမ်းဆီး ထားသည့် ဓားစာခံများ အနက်မှ ခုနှစ်ဦးကို မီးရှို့ ပြီး အကျဉ်းထောင် ခေါင်မိုးပေါ်မှ ပစ်ချသည် အထိ ဆူပူအုံကြွမှု ပြင်းထန် ခဲ့သည်။
ထောင်ဆူ မှုမှာ တနလာင်္နေ့ က စတင် ဖြစ်ပွားခြင်း ဖြစ်သည်။ အကျဉ်းသား များက ထောင်ဝန် ထမ်း ၁၂ ဦးကို ဓားစာခံ လုပ်ထား သည်။ အခြား အကျဉ်းသား ၁၆၀ ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီး ထားကြောင်း အာဏာပိုင် များက ပြောသည်။ ထောင်ဝန်ထမ်း နှစ်ဦးနှင့် ထောင်သား ငါးဦးတို့ ကို အကျဉ်းသား များက မီးရှို့ ကာ ထောင်အမိုး ပေါ်မှ ပစ်ချ ခဲ့ကြောင်း စကိုင်းနယူး က ဖော်ပြသည်။ သို့ သော် မီးရှို့ ပစ်ချခံရသူ အားလုံး အသက်မသေဘဲ ဆေးရုံ တင်ပို့ ပေး ထားခဲ့ သည်။
အကျဉ်းသား များက ထောင်တွင်း အိပ်ရသည့် အနေအထားနှင့် အကျွေးအမွေး မကောင်း ခြင်းကြောင့် ယခုကဲ့သို့ ထောင်အုံကြွခြင်း ဖြစ်ကြောင်း သိရသည်။ ထိုပြင် ၎င်းအကျဉ်း သား များက မိုဘိုင်းဖုန်း ကိုင်ဆောင်ခွင့်လည်း တောင်းဆို ထားသည်။ ယခု ကဲ့သို့  ထောင်ဆူပူမှု အတွက် သက်ဆိုင်ရာ အာဏာပိုင် များက အကျဉ်းသား များနှင့် ညှိနှိုင်း ခဲ့ရသည်။
ထိုကဲ့သို့ သော ထောင်ဆူမှု သြဂုတ်လ အတွင်းက ကက်စ်ကာဗယ် အကျဉ်းထောင်တွင် ၄၈ နာရီကြာ ဖြစ်ပွားရာ လူငါးဦး သေဆုံးခဲ့သည်။ ထိုအကျဉ်း ထောင် မှ အကျဉ်းသား ၈၀၀ကို အခြား အကျဉ်းထောင် များသို့ လူခွဲ၍ ပို့ ထားခဲ့ ရသည်။
လူခွဲပို့ ရာတွင် ယခု အုံကြွမှု ဖြစ်သည့် ဂူရာ ပူရာဗာ အကျဉ်းထောင်သို့  အကျဉ်းသား ဆယ်ဦး ကို ပို့ ခဲ့သည်။ ဂူရာပူရာဗာ အကျဉ်း ထောင်တွင် စက်တင်ဘာ ၇ရက် ကလည်း အုံကြွမှု ဖြစ်ပွား ထားသည်။ အဆိုပါ အုံကြွမှု အတွင်း ထောင်ဝန်ထမ်း ၁၄ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ခဲ့သည်။
Mizzima