Headlines News :
Home » » ၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့လူသတ်မှုတွင် စွဲချက်အတင်ခံထားရသည့် ကျူးလွန်သူ ၁၅ ဦးအနက် ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်

၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့လူသတ်မှုတွင် စွဲချက်အတင်ခံထားရသည့် ကျူးလွန်သူ ၁၅ ဦးအနက် ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်

Written By လွင့်မောင်မောင် on Saturday, November 29, 2014 | 10:38 PM


၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်တွင်ကျူးလွန်သူ ၁၅ ဦးအနက် ၁၂ ဦးကိုစစ်ဆေးပြီးဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ စုံစမ်းသိရသည်။

နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ၁၂ ဦးမြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည့် ကျူးလွန်သူမှာ ကျွဲကြီး(ခ)ထွန်းထွန်းဝင်းဖြစ်ပြီး ၎င်းမှ အမှုနှင့်ပတ်သက်သည့်အကြောင်းအရာများကို ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်သို့ ရုံးပြန်ချိန်းခဲ့ကြောင်းသိရသည်။

မျက်နှာဖုံးစွပ်အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် ကျူးလွန်သူ ၂၃ ဦးကို မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၂)က ကြိုတင်ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂-၁ (ခ)နှင့် ပူးပေါင်းကြံစည်မှုပုဒ်မ - ၃၄ တို့ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလက စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။

ထိုအမိန့်ကိုမကျေနပ်သည့်အတွက် စွဲချက်အတင်ခံထားရသူများအနက် ၁၆ ဦး မှ တရားလွှတ်တော်ရုံးသို့  စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့ရာ ယင်းတို့အနက်မှ ရှစ်ဦးအား စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၊ တွဲဘက်(၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားရှင်လွတ်ပေးခဲ့သည်။

ထိုအမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် သေဆုံးသူကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ရှိနေစဉ် လူငါးယောက်ခန့်မှ "မင်းကကျော်မင်းလား" ဟုမေးကာ ဓားများဖြင့်ဝိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့ထွက်ပြေးစဉ် အပြင်၌စောင့်နေသည့်လူများက တုတ်၊ ဓားများဖြင့် ထပ်မံခုတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်အရ သိရသည်။

ဥာဏ်ဝင်းရှိန်၊ အောင်မျိုးသန့်EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template