Headlines News :
Home » , » ပဲခူးမြို့အနီးကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ရာ ရန်ကုန်မြို့နေရာအချို့သို့သက်ရောက်

ပဲခူးမြို့အနီးကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ရာ ရန်ကုန်မြို့နေရာအချို့သို့သက်ရောက်

Written By လွင့်မောင်မောင် on Sunday, November 30, 2014 | 10:40 AM

သမိုင်းမှတ်တမ်းများအရ အင်အား ၇ ဒသမ ၅ နှင့် ၈ ကြား သမိုင်းဝင်မြေငလျင်ကြီးများလှုပ်ခတ်ခဲ့သည့် ပဲခူးမြို့၏တောင်ဘက်၊ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၄၅ မိုင်ခန့်အကွာကိုဗဟိုပြု၍ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆  အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

"အခုလှုပ်ခဲ့တဲ့ငလျင်က စစ်ကိုင်းပြတ်ရွေ့မှာလှုပ်ခဲ့တာပါ။ ပဲခူးနားမှာ ငလျင်ကြီးတွေမလှုပ်တာတော့ တော်တော်ကြာပါပြီ။ ဒါပေမဲ့ အခုလို အင်အား ၄ အဆင့်ဝန်းကျင်ငလျင်လေးတွေတော့ မကြာခဏဆိုသလိုလှုပ်လေ့ရှိပါတယ်။ ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့မရပါဘူး။ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်လုံးဟာ ငလျင်အန္တရာယ်သတိပြု ရမှာဖြစ်တဲ့အတွက် အဲဒီပြတ်ရွေ့တစ်လျှောက်ကမြို့ကြီးတွေမှာ အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင်တည်ဆောက်ထားဖို့လိုပါတယ်" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောကြားသည်။

ပဲခူးမြို့အနီးတွင်လှုပ်ခတ်ခဲ့သည့်ငလျင်ကို ရန်ကုန်မြို့ရှိ မြို့နယ်အချို့သို့ပါ သက်ရောက်ခဲ့သော်လည်း ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှသိရသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီ ၄ မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်မိုင် ၁၄၀ ခန့်အကွာ ချောက်မြို့၏အနောက် အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အလားတူ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာ ပြင်ဦးလွင်မြို့အရှေ့မြောက်ဘက် လေးမိုင်အကွာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါငလျင်မှာ မိုးမိတ်ပြတ်ရွေ့ သို့မဟုတ် ရွှေလီပြတ်ရွေ့တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုနှစ် ဇန်န၀ါရီမှစတင်ကာ နိုဝင်ဘာ ၂၇ ရက်အထိ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတိုင်းထွာရရှိခဲ့သည့် မြေငလျင်လှုပ်ခတ်မှုအကြိမ်ရေသည် ၄၆ ကြိမ်အထိရှိကြောင်းလည်း သိရသည်။

ပဲခူးမြို့အနီးကိုဗဟိုပြုပြီး အင်အား ၇ ဒသမ ၅ နှင့် ၈ အဆင့်ကြား သမိုင်းဝင်ငလျင်လှုပ်ခတ်ခဲ့သည့်ခုနှစ်များမှာ ၈၆၈၊ ၈၇၅၊ ၁၅၆၄၊ ၁၅၆၇၊ ၁၅၈၂၊ ၁၅၈၈၊ ၁၅၉၀၊ ၁၇၅၇၊ ၁၇၆၈၊ ၁၈၃၀၊ ၁၈၈၈၊ ၁၉၁၃၊ ၁၉၁၇၊ ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များဖြစ်ကြကြောင်း  သိရသည်။
EMG                          
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template