ဗြိတိန်နိုင်ငံ၊ အီဒင်ဘာမြို့အခြေစိုက် ခရီးသွား ရှာဖွေမှု ကုမ္ပဏီ Sky
scanner က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံး ၁၀
နေရာတွင် ထိပ်ဆုံး၌ ပါဝင်နေကြောင်း ဖော်ပြသည်။ လာမည့် နှစ်တွင်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု ၅၉ ရာခိုင်နှုန်း
တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံ၏ နောက်တွင် ဂျပန် ၂၆ ရာခိုင်နှုန်းနှင့်
သီရိလင်္ကာ ၁၉ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း Sky scanner က ဖော်ပြသည်။
၂၀၁၅ ခုနှစ်အတွက် ခရီးသွားလာရန် အကောင်းဆုံး(၁၀)နေရာတွင် မြန်မာနိုင်ငံက
ထိပ်ဆုံး၌ရှိနေပြီး မြန်မာ နိုင်ငံ၏နောက်တွင် ဂရိ၊ အိုက်စလန်၊ ဘရာဇီး၊
ပနားမား၊ နယူးကာလီဒိုးနီးယား၊ တောင်ကိုရီးယား၊ နိုကာရာ ကွာနှင့်
ဂျပန်နိုင်ငံတို့ အသီးသီးရှိကြသည်။ ထိပ်တန်း ၁၀ နေရာစာရင်းတွင်
အာရှ-ပစိဖိတ်ဒေသမှ လေးနိုင်ငံ ပါဝင်ပြီး တောင်ကိုရီးယားက အဆင့်- ၇၊
သီရိလင်္ကာအဆင့် ၈ နှင့် ဂျပန်နိုင်ငံက အဆင့် ၁၀ ၌ ရှိကြသည်။
မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် သြစတြေးလျခရီးသွားများအတွက် နံပါတ်-၁
ဦးစားပေးခရီးသွားနေရာဖြစ် လာနိုင်သည်ဟု Sky scanner က ဖော်ပြသည်။
ဆက်လက်ပြီး ခရီးသွားရှာဖွေမှု ကုမ္ပဏီက ဟီလ်တန်အုပ်စု၊ ရှန်ဂရီလာအုပ်စု၊ Pan
Pacific ဟိုတယ်များအုပ်စုနှင့် Best Wester စသည့်
ကမ္ဘာကျော်ဟိုတယ်အုပ်စုများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့်
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုစည်ပင်ဖွံ့ဖြိုးလာမည်ဟုလည်း ဖော်
ပြသည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏အဆိုအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁
ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၁,၆၀၄,၇၄၆
ဦး ၀င်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလ ဧည့်သည် ၁,၁၂၁,၇၉၅ ဦးနှင့်
နှိုင်းယှဉ်လျှင် ခရီးသွားများလာရောက်မှု ၄၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း
သိရသည်။
မြန်မာအစိုးရက ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၃ သန်းနှင့် ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၅ သန်း လာ ရောက်မည်ဟု ခန့်မှန်းသည်။
Ref : GNLM
News Watch(စောင့်ကြည့်သတင်းဂျာနယ်)