ဟိုင်ရန်မုန်တိုင်းကြောင့် Tacloban မှာ ပျက်စီးမှု အများအပြားဖြစ် (Credit: AFP)
ဟိုင်ရန် မုန်တိုင်း ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ
Tacloban ဒေသမှာ နောက်ထပ် မုန်တိုင်း တစ်ခု ဝင်ရောက်ဖို့ ရှိတဲ့ အတွက်
ပြင်ဆင်မှုတွေ လုပ်ဆောင် နေကြပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းကပဲ Tacloban မှာ တစ်နာရီ လေတိုက်နှုန်း
ပြင်းအား ၂၇၅ ကီလိုမီတာ ရှိတဲ့ ဟိုင်ရန်မုန်တိုင်း ဝင်ရောက်ခဲ့လို့
အိုးအိမ်၊ အဆောက်အဦးတွေ ပြားချပ် ပျက်စီး နေတုန်းမှာပဲ
ဒီရက်ပိုင်းအတွင်း Hagupit ဆိုတဲ့ မုန်တိုင်း ဝင်ရောက်ဦးမှာ
ဖြစ်ပါတယ်။
အခုလောလောဆယ် စာသင်ကျောင်းတွေ၊ ရုံးတွေကို ပိတ်ချထားပြီး
ကမ်းရိုးတမ်းတလျှောက် နေထိုင်တဲ့ ရွာသူ၊ ရွာသားတွေကို ပြောင်းရွှေ့မှု
လုပ်ထားခိုင်းပါတယ်။
အဲဒီလို ပြင်ဆင်မှု လုပ်ငန်းကို ကြီးကြပ်ဖို့ အဆင့်မြင့် အရာရှိတစ်ဦးကို ဖိလစ်ပိုင် အစိုးရက ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် ယာယီခိုလှုံရမယ့် နေရာတွေ၊ လိုအပ်မယ့် အစားအသောက်တွေနဲ့ တခြား ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားပါတယ်။
မိုးလေဝသ ဌာနရဲ့အဆိုအရ ဒီရက်ပိုင်းအတွင်း ဝင်ရောက်မယ့် မုန်တိုင်းဟာ
ဆူပါမုန်တိုင်းအသွင်ကို ပြောင်းပြီး တစ်နာရီကို လေတိုက်နှုန်းပြင်းအား
၂၄၀ ကီလိုမီတာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ABC Radio Australia