Headlines News :
Home » , » ထိုင်ဝမ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

ထိုင်ဝမ်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

Written By လွင့်မောင်မောင် on Sunday, November 30, 2014 | 11:17 AM

 ထိုင်ဝမ်ဝန်ကြီးချုပ် Jiang Yi-huah
ထိုင်ဝမ်ကျွန်းတဝှမ်းမှာကျင်းပခဲ့တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေမှာ တရုတ်အစိုးရလိုလားတဲ့ လက်ရှိ အာဏာရပါတီ ထင်ထားတာထက် ပိုမို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ရွေးကောက်ပွဲမှာ သူ့ရဲ့ အမျိုးသားဝါဒီပါတီ အကြီးအကျယ် ရှုံးနိမ့်ရတာဟာ သူ့ကြောင့်ပါလို့ ၀န်ကြီးချုပ် Jiang Yi-huah က သတင်းစာ ရှင်းလင်းပွဲတခုမှာ တာဝန်ခံ ပြောဆိုသွားပါတယ်။
Kuomintang ပါတီ ဒါမှမဟုတ် KMT လို့ အသိများတဲ့ ၀န်ကြီးချုပ်ရဲ့ပါတီဟာ အရင်က အမာခံထောက်ခံမှု အချိန်အတော်ကြာရခဲ့တဲ့ ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေ အပါအ၀င် မြို့ကြီးနဲ့ မြို့နယ်ပေါင်း ၈ ခုမှာ အရေးနိမ့်ခဲ့တာပါ။ ရွေးကောက်ပွဲအကြို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာတော့ သုံးနေရာ ရှုံးနိမ့်နိုင်တယ်ဆိုပြီး ကြိုတင် တွက်ဆခဲ့တာပါ။
အခု ရွေးကောက်ပွဲရလဒ်အရ ထိုင်ဝမ်ပြည်သူတွေဟာ သမ္မတ Ma Ying-jeou နဲ့အတူ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ကြိုးစားနေတဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကို မကြိုက်ကြဘူးဆိုတာကို ဖော်ပြနေပါတယ်။
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template