ဒီနေ့မနက်က ဆည်တည်းရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သလို
တုံရွာမှာလည်း ခြံစည်းရိုးတွေ ခတ်ခဲ့ပါတယ်။ အဲဒီ့ရွာက ယာမြေတွေမှာ
ပဲစင်းငုံ၊ ပြောင်းနဲ့ ကုလားပဲတို့ စိုက်ပျိုးထားတယ်လို့ ဒေသခံတွေက
ပြောပါတယ်။ Photo: Kyaw Zaw Win/RFA
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ တရုတ်ဝမ်ပေါင်
ကုမ္ပဏီက ဒီနေ့ ဆည်တည်းနဲ့ တုံရွာမှာ ခြံစည်းရိုးတွေ ဆက်လက်ခတ်နေပါတယ်။
မနေ့က မိုးကြိုးပြင်ရွာမှာ ခြံစည်းရိုးခတ်စဉ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့
ကျေးရွာသားတွေကြား ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့်
သေဆုံးသူတစ်ဦးရှိခဲ့ပြီး ၁၃ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။
ရိုက်ကူး - ကျော်ဇောဝင်း
RFA Burmese