
ဂျက်ဆင် ၊ ၂၅-၁၂-၂၀၁၄
အမေရိကန် ပြည်ထောင်စု အရှေ့ တောင်ပိုင်းရှိ မစ္စစ္စပီ ပြည်နယ်တစ်ဝန်း တွင် ဒီဇင်ဘာ ၂၃ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူလေးဦး သေဆုံးပြီး ၅၀ ဒဏ်ရာရရှိ ခဲ့သည့်အပြင် ပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားသည်။
အဆိုပါ မုန်တိုင်း တိုက်ခတ်မှု ဒဏ်ကို အဆိုးရွားဆုံး ခံရသော ဒေသများ အနက် တစ်ခုမှာ မာရီယွန်ခရိုင် ကိုလံဘီယာမြို့ ဖြစ်ပြီး မုန်တိုင်း တိုက်ခတ်မှုကြောင့် ခရိုင်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည့် အပြင် နေအိမ် ခေါင်မိုးများ ကျွတ်ထွက်၍ လမ်းများ ပေါ်၌ ပြန့်ကျဲခဲ့ပြီး ပျက်စီးနေသည့် နေအိမ်များ အကြား၌ လည်း ဒေသခံများ ပိတ်မိ နေခဲ့ကြောင်း သိရသည်။
၎င်းမုန်တိုင်းသည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ ခန့်က တိုက်ခတ်ခဲ့ကြောင်း၊ အလားတူ မစ္စစ္စပီ ပြည်နယ် အရှေ့မြောက် ဘက်ရှိ ဂျုံးစ်ခရိုင် တွင်လည်း သီးခြား လေဆင် နှာမောင်း တစ်ခုဝင်ရောက် တိုက်ခတ်မှုကြောင့် နှစ်ဦး ထပ်မံ သေဆုံး၍ ထိခိုက်ပျက်စီးမှု များဖြစ်ပေါ် ခဲ့ကြောင်း ၄င်းခရိုင် အရေးပေါ် စီမံခန့်ခွဲရေး ဌာနက ပြောကြားခဲ့သည်။
အဆိုပါ မုန်တိုင်းဒဏ်ကြောင့် အိမ်ထောင်စု ၆၃ဝဝ ခန့် လျှပ်စစ် ဓာတ်အားများ ပြတ်တောက်ခဲ့ရပြီး မော်တော်ကား များမှာလည်း တိမ်းမှောက်ခဲ့ ရကြောင်း၊ ယခုအခါ ပြည်နယ် အစိုးရက အရေးပေါ် အခြေအနေ တစ်ရပ်ကို ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
#PyiChitThar