Headlines News :
Home » » Miss World ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းကို တားမြစ်

Miss World ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းကို တားမြစ်

Written By လွင့်မောင်မောင် on Thursday, December 25, 2014 | 1:54 PM

 
လန်ဒန် ၊ ၂၂-၁၂-၂၀၁၄

Miss World ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် များကို ရေကူးဝတ်စုံ ဝတ်ဆင်ကာ ယှဉ်ပြိုင် စေခြင်းကို နောင်တွင် ပြုလုပ်မည့် Miss World ပြိုင်ပွဲများတွင် တားမြစ်လိုက်ပြီ ဖြစ်ကြောင်း Miss World ဥက္ကဋ္ဌ Julia Morley က ပြောပြ ခဲ့သည်ဟု သိရသည်။

(၆၄) ကြိမ်မြောက် Miss World ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့ရာ သရဖူကို Miss South Africa Rolene Strauss က ဆွတ်ခူးရရှိ ခဲ့သည်။ Miss World America ၏ Regional Director Chris Wilmer က Miss World တစ်ဦး၏ တာဝန်မှာ လှုမှုရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန် ဖြစ်ကြောင်း ၊ Miss World ၏ ဆိုလိုရင်းမှာ အလှမယ် တစ်ဦးထက် သံတမန်တစ်ဦး ဖြစ်ကြောင်း၊ ထို့ကြောင့် ရေကူးဝတ်စုံ ဝတ်ဆင်ကာ ခန္ဓာကိုယ် အလှအပ ယှဉ်ပြိုင်စေမည့် အစား Miss World အဖွဲ့အစည်းက ရေကူးဝတ်စုံ နေရာတွင် ကမ်းခြေတွင် ဝတ်ဆင်လေ့ ရှိသော အခြား သင့်လျော်သည့် အဝတ်အစား များကို ဝတ်ဆင်စေကာ ဖက်ရှင်ရှိုး သဖွယ် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း Chris Wilmer က ပြောပြသည်။

၎င်းနောက် Chris Wilmer က Miss World ပြိုင်ပွဲသည် အလှမယ် ပြိုင်ပွဲ သက်သက်သာ မဟုတ်ကြောင်း၊ ပြိုင်ပွဲ၏ အကြောင်းအရာ တစ်ခုဖြစ်သော အလှအပနှင့် ရည်မှန်းချက် ဆိုင်ရာ ခေါင်းစဉ်အောက် တွင် ရေကူးဝတ်စုံဝတ်ဆင် ယှဉ်ပြိုင်ခြင်းသည် ခေါင်းစဉ်နှင့် ကိုက်ညီမှု မရှိကြောင်း ABC သတင်းဌာနကို ပြောပြသည်။

နောင်ပြုလုပ် သွားမည့် Miss World ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် များမှာ ယခင်က ယှဉ်ပြိုင်ခဲ့သည့် အတိုင်း အက၊ ကိုယ်ပိုင်စွမ်းရည်၊ အကောင်းဆုံး ဂါဝန်ပြိုင်ပွဲ စသည်တို့ အပါအဝင် မြောက်မြား စွာသော အင်တာဗျူး တို့တွင် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template