Headlines News :
Home » » (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ဇန်န၀ါရီ ၁၉ ရက်မှသာ စတင်ကျင်းပနိုင်မည်

(၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ဇန်န၀ါရီ ၁၉ ရက်မှသာ စတင်ကျင်းပနိုင်မည်

Written By လွင့်မောင်မောင် on Monday, December 22, 2014 | 9:57 AM


ပထမအကြိမ် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ဇန်န၀ါရီ ၁၉ ရက်မှသာ စတင်ကျင်းပနိုင်မည်ဟု သိရသည်။

“မူလတုန်းကတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဇန်န၀ါရီ ၁၂ ရက် ခေါ်မယ်ဆိုပြီး လျာထားတာပါ။ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စီမံစီးပွား ၀န်ကြီးဌာနတွေက ဘတ်ဂျက်ရေးဆွဲနေရာမှာ ၀န်ထမ်းလစာ တိုးမြှင့်ဖို့တွေ၊ ညှိတာတွေရောဆိုတော့ လွှတ်တော်ကို တစ်ပတ်နောက်ဆုတ်ပေးဖို့ ပြောလာတဲ့အတွက် ဇန်န၀ါရီ ၁၉ ရက်မှ လွှတ်တော်အစည်းအဝေးတွေ စမယ်လို့ သိရပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

လာမည့် (၁၂)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် လာမည့်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကိစ္စများ၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မျိုးစောင့်ဥပဒေကြမ်း လေးခုကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် ယှဉ်ပြိုင်မှု ဥပဒေကြမ်း၊ မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသားလွှတ်တော်အနေနဲ့ မျိုးစောင့်ဥပဒေ လေးခုထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေးဆိုတဲ့ ဥပဒေကြမ်းနှစ်ခုကို ဆွေးနွေးရမှာပါ။ ဒါကလည်း လွှတ်တော်အစည်းအဝေး ပြန်စချိန်မှာမှ ဆွေးနွေးဖြစ်ပါမယ်။ ဒီဥပဒေကြမ်းနှစ်ခုကို တာဝန်ယူ ရေးဆွဲထားတာက ရှေ့နေချုပ်ရုံးက ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ပြန်စချိန်တွင် ရှေ့နေချုပ်ရုံးမှ အဆိုပါ မျိုးစောင့်ဥပဒေကြမ်းများကို လွှတ်တော်အနေဖြင့် ဆွေးနွေးအတည်ပြုဖို့ အဆိုလာတင်ရမည်ဖြစ်ကြောင်း၊ အဆိုတင်ပြီးနောက်တွင် ဥပဒေကြမ်းကော်မတီ အနေဖြင့် လွှတ်တော်သို့ အစီရင်ခံစာ တင်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်တွေကို ကြားနာသည့် အစည်းအဝေးများ ဆက်လက်ကျင်းပပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

လက်ရှိတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အနေဖြင့် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း သုံးခုရှိကြောင်း၊ အဆိုပါ ဥပဒေကြမ်းများဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ရေးဆွဲတင်ပြခြင်း ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေစရိတ် အဆောင်အယောင် ဥပဒေကြမ်းများကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။      
စိုးမင်းထိုက်EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template