ညနေ ၅ နာရီခွဲခန့်ကနေ ၁ နာရီနီးပါးကြာထိ ရဲက အမှုဖွင့်တာ လက်မခံသေးဘူးလို့ သူက ပြောပါတယ်။
“အခုမှ ကျမတို့က အမှုဖွင့်နေတုန်းပဲရှိသေးတယ်။ လက်မခံရဲသေးဘူး၊ သူတို့အထက်ကို မေးထားတယ် ပြောပါတယ်။ စောင့်နေပါတယ်ရှင့်။ သူတို့ဘက်က အမှုလက်ခံမခံကို မသိသေးပါဘူး။ သူတို့လည်း အထက်ကိုမေးထားတဲ့အတွက် ကျမတို့လည်း ထိုင်စောင့်နေရပါတယ်။ သူတို့ဘက်က ဒီမှာ ရှိနေတဲ့အဆင့်နဲ့ လက်ခံလို့မရဘူး ဒီအမှုက အဲလိုမျိုးဖြစ်နေတယ်။
အလောင်းက ၂ ရက်ကူးလာပြီဆိုတော့ ကျမတို့က ညတွင်းချင်း သယ်ချင်တယ်။ အလောင်းကို စစ်ချင်တယ်။ သူတို့က ဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲ။ တိတိကျကျ အဖြေကို မပေးနိုင်သေးဘူး” လို့ ပြောပါတယ်။
ဒေါ်ခင်ဝင်းရဲ့ နဖူးနဲ့ နောက်စေ့ပွင့်ထွက်သေဆုံးခဲ့ပေမယ့် အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။
အေးနိုင် DVB