ရီမန်နိုင်ငံ တောင်ပိုင်း Aden မြို့မှာ ရှိတဲ့ သမ္မတ အိမ်တော်ကို
တိုက်လေယာဉ် တစ်စင်းက ဝင်ရောက် တိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် သမ္မတ
Mansour Hadi က အိမ်တော်ကနေ ထွက်ပြေး တိမ်းရှောင် နေရပါတယ်။
သမ္မတအိမ်တော်အပြင် လေယာဉ်ကွင်း တစ်ခုမှာလည် တိုက်ခိုက်မှု ဖြစ်ခဲ့ရပါတယ်။
သမ္မတကို လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းထားပြီ ဖြစ်သလို သမ္မတဟာ ရီမန်
နိုင်ငံ ပြည်တွင်းမှာပဲ ရှိနေသေးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
သမ္မတ Abd-Rabbu Mansour Hadi ကတော့ ဒီလုပ်ရပ်ကို အရင် အစိုးရဟောင်းက
လုပ်ဆောင်တာဖြစ်ပြီး အာဏာသိမ်းပိုက်ချင်တဲ့အတွက် ဖြစ်တယ်လို့
ပြောလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ရီမန်သမ္မတနဲ့ Shiite
မွတ်စလင်တွေဖြစ်တဲ့ Huthi အဖွဲ့အကြား အုပ်ချုပ်ခွင့် အားပြိုင်မှုတွေ
ပိုများလာတာတွေ တွေ့ရတယ်လို့ သုံးသပ်ကြပါတယ်။
အစိုးရဟောင်းအဖွဲ့ကို အီရန်က ကျောထောက်နောက်ခံ ပြုထားတယ်လို့လည်း ရီမန်သမ္မတက ပြောပါတယ်။
ရီမန်သမ္မတဟာ အရင်လတုန်းကပဲ Huthi အဖွဲ့ကနေ မြို့တော် Sanaa ကို
သိမ်းပိုက်ပြီး သူ့ကို နေအိမ်အကျယ်ချုပ် ချထားရာကနေ သမ္မတက
ထွက်ပြေးလွတ်မြောက်လာပြီး နိုင်ငံရဲ့ တောင်ပိုင်းမှာ နေထိုင်နေတာ
ဖြစ်ပါတယ်။
သမ္မတကို ထောက်ခံတဲ့ စစ်တပ်နဲ့ Shiite မွတ်စလင်ရဲ့ Huthi တပ်တွေကလည်း အပြန်အလှန် တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
ABC Radio Australia