ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ ပုံစံဒီဇိုင်းပြုလုပ်ပြီး
ပါတီပွဲကြော်ငြာခဲ့တဲ့ V Grastro.bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊
မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန်နိုင်ငံသား Mr.Philip၊ တို့ကို
ဗဟန်းတရားရုံးက ဒီကနေ့ အလုပ်ကြမ်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။
ဘာသာသာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar,
Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓပုံတော်ကို မလျော်မကန်သုံးပြီး
လူမှုကွန်ရက်မီဒီယာတွေကဆင့် ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ ၃ ဦးကို ဒီဇင်ဘာလ
၁၀ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
By ဒီဗွီဘီ