Headlines News :
Home » » UWSA ထိန်းချုပ်နယ်မြေ တွင် စစ်ပြေးဒုက္ခသည် ၆၀၀ ကျော်အကူအညီလိုအပ်နေ

UWSA ထိန်းချုပ်နယ်မြေ တွင် စစ်ပြေးဒုက္ခသည် ၆၀၀ ကျော်အကူအညီလိုအပ်နေ

Written By လွင့်မောင်မောင် on Tuesday, March 17, 2015 | 9:05 PM

သျှမ်းပြည်မြောက်ပိုင်း UWSA ထိန်းချုပ်နယ်မြေ ဟိုပန်မြို့နယ် နမ့်တစ်မြို့နယ်ခွဲတွင်ကိုး ကန့်ဒေသ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ အကူအညီလို အပ်နေ သည်ဟု ဝ တပ်ဖွဲ့ ကပြောသည်။


ကိုးကန့်စစ်ပြေးဒုက္ခသည် 

နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် UWSA ထိန်းချုပ်နယ်မြေ နမ့်တစ်မြို့ နယ်ခွဲတွင်ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်များအတွက် တလ ထောက်ပံ့ငွေ တယောက် ယွမ် ၃၀၀ အပြင် ဆန်၊ ဆီ၊ ဆား များအား ဝ ရဲဘော်များကဲ့သို့ ထောက်ပံ့မှုပေးသော် လည်း ထောက်ပံ့မှုများထပ်မလိုအပ်နေသေးကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ကပြော သည်။

စစ်ပြေးဒုက္ခသည်များသည် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အမျိုးသမီးများ များပြားကြောင်း ဆိုပါသည်။

“ကျနော်တို့ ထောက်ပံ့တာမလုံလောက်သေးဘူး။ ကလေးတွေ ကျောင်းတက်နိုင်ဖို့လုပ် တယ်။ သူတို့ စားဝတ်နေရေးအတွက် လုပ်ပေးရတယ်။ ဝ တပ်ဖွဲ့ရဲ့ ရဲဘော်လစာ လောက် ကိုပေးတယ်။  ဝိုင်းဝန်းကူ ညီပေးနေတာက ဝ အမျိုးသမီးအဖွဲ့တွေပေါ့။ တခြား ပြင်ပ အထောက်အပံ့တော့ မရှိဘူး။ လိုအပ်မှုတော့ ရှိနေဆဲပဲ” - ဟု ဦးအောင်မြင့်က ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မြန်မာအစိုးရတပ်နှင့် ဖုန်ကြားရှင်း ဦးဆောင် သည့် တပ်ဖွဲ့အကြား ဖေဖေါ်ဝါရီ ၉ ရက်နေ့ တိုက်ပွဲ စတင်လာသည့်နောက်ပိုင်း ကိုးကန့် ဒေသခံ တသိန်းခန့် နေရပ်မှ စွန့်ခွါခဲ့ရသည်။

ကိုးကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားဘ၀ ဖြင့် ရောက်ရှိနေထိုင်သည့် အောက် ပြည်မှ မြန်မာအလုပ်သမား တသောင်းကျော်လည်း ဇာတိမြေသို့ ပြန်ခဲ့ရသည်။

သို့သော် ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်းတပ်ဖွဲ့အား တိုက်ထုတ်သည့် မြန်မာစစ်တပ်နှင့်အတူ ရွှေ့ပြောင်း ရောက်ရှိလာသည့်သူများကိုမူ စစ်ဘေးဒုက္ခသည်အဖြစ် ဝ တပ်ဖွဲ့က လက်မခံကြောင်း ကွန်လုံဒေသခံ ညီနပ် ကပြောသည်။

၂၀၀၉ ခုနှစ်က ဖုန်ကြားရှင်းသည် ၎င်းလက်အောက်ခံ ပိုင်ဆုံချိန်က ပုန်ကန်၍ မြန်မာအစိုး ရနှင့် ပူးပေါင်းကာ ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်း နေရပ်မှ စွန့်ခွါခဲ့ရသည်။ ဖေဖေါ်ဝါရီ လဆန်းပိုင်း အတွင်း ဇာတိမြေ၌ပြန်လည်အခြေရန် ကြိုးစားရာမှာ မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားသောကြောင့် ဒေသခံများ သိန်းကျော် နေရပ်မှ စွန့်ခွါခဲ့ရသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template