Headlines News :
Home » » နာဆာလွှတ်တင်ခဲ့သည့် အာကာသယာဉ် ပလူတိုဂြိုဟ်ပုံသစ်များ ရိုက်ကူးပေးပို့

နာဆာလွှတ်တင်ခဲ့သည့် အာကာသယာဉ် ပလူတိုဂြိုဟ်ပုံသစ်များ ရိုက်ကူးပေးပို့

Written By Live100 on Friday, July 17, 2015 | 3:13 PM


အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က လွှတ်တင်ခဲ့တဲ့ နယူးဟိုရီဇုန်စ် (New Horizons) အာကာသယာဉ်ဟာ ဇူလိုင် ၁၄ ရက်နေ့က နေအဖွဲ့အစည်းအတွင်း အစွန်ဆုံးဂြိုဟ်ဖြစ်တဲ့ ပလူတိုဂြိုဟ်နဲ့ အနီးဆုံးနေရာက ဖြတ်သန်းပြီး ဇူလိုင် ၁၅ ရက်နေ့မှာ အရည်အသွေးမြင့် ပုံသစ်တွေကို ပထမဆုံး ပေးပို့လာပါတယ်။
ဓာတ်ပုံတွေဟာ ပလူတိုဂြိုဟ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အရင်သိရှိထားတာထက် ပိုပြီး တိကျတဲ့ အတည်ပြုခွင့် ရရှိခဲ့တယ်လို့ အေဂျင်စီ အာဏာပိုင်တွေက ပြောပါတယ်။
ဂြိုဟ်နဲ့ အနီးဆုံနေရာဖြစ်တဲ့ ကီလို ၁၂၅၀၀ အကွာကနေ ဓာတ်ပုံရိုက် လေ့လာမှုတွေ လုပ်ခဲ့ပြီး မိုင်ပေါင်း ၃ ဘီလီယံအကွာက ကမ္ဘာကို အချက်အလက်တွေ ပေးပို့ခဲ့တာပါ။
ပလူတိုဂြိုဟ်နဲ့ ပတ်သက်ပြီး အခုလောက် ကြည်လင်ပြတ်သားတဲ့ပုံတွေ မရိုက်ယူနိုင်ခဲ့သေးပါဘူး။
နယူးဟိုရီဇုန်စ် အာကာသယာဉ်ကို လွန်ခဲ့တဲ့ ၉ နှစ်ခွဲက လွှတ်တင်ခဲ့တာဖြစ်ပြီး လူလိုက်ပါခြင်းမရှိတဲ့ အမြန်ဆုံး အာကာသယာဉ်လည်း ဖြစ်ပါတယ်။
၉ နှစ်ခွဲကြာ ပျံသန်းမှုအတွင်း ခရီးမိုင် ၃ ဘီလီယံ ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။
အာကာသယာဉ်က ပေးပို့တဲ့ ဓာတ်ပုံတွေထဲမှာ ပလူတိုဂြိုဟ် မျက်နှာပြင်ပေါ်မှာ အမေရိကတိုက် ရော့ကီးတောင်တန်း အမြင့်တူ၊ အရွယ်တူ ရေခဲတောင်တွေ ရှိတာကိုလည်း တွေ့မြင်ရပါတယ်။
ဂြိုဟ်မျက်နှာပြင်မှာ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားတွေ၊ ဥက္ကာပျံကြီးတွေ ကျရောက်ပေါက်ကွဲလို့ ဖြစ်ပေါ်လာတဲ့ ကျင်းနက်တွေ၊ ချောက်တွေ တခုမှ မတွေ့ရတာကြောင့် ဂြိုဟ်မျက်နှာပြင်သက်တမ်းဟာ နုသေးတယ်လို့ ပညာရှင်တွေက ခန့်မှန်းသုံးသပ်ပါတယ်။
ဒါ့အပြင် ဂြိုဟ်မျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၀၀ အတွင်း မီးတောင်လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ရှိတယ် ဆိုတာကိုလည်း ဓာတ်ပုံတွေက အသေးစိတ် ပြသနိုင်ခဲ့ပါတယ်။
ဂြိုဟ်ရဲ့ အကြီးဆုံးလဖြစ်တဲ့ ချာရွန်လကိုလည်း အနီးကပ်ပုံသစ်တွေ ရိုက်ကူးနိုင်ခဲ့ပြီး လမျက်နှာပြင်မှာ ၄ မိုင်ကနေ ၆ မိုင်အနက်ရှိတဲ့ ချောက်တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
ရေခဲနဲ့ဖွဲ့စည်းထားတဲ့ ဂြိုဟ်ရဲ့ အသေးဆုံးလကိုလည်း ပထမဆုံး အတည်ပြုနိုင်ခဲ့ပြီး ၄၃ ကီလို၊ ၃၃ ကီလိုအရွယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template