Headlines News :
Home » » ထားဝယ်အများပိုင် ကုမ္ပဏီ မြေယာအသုံးပြုခွင့် ဒေသခံ ၇၀၀ ဦးကျော် ကန့်ကွက်

ထားဝယ်အများပိုင် ကုမ္ပဏီ မြေယာအသုံးပြုခွင့် ဒေသခံ ၇၀၀ ဦးကျော် ကန့်ကွက်

Written By Live100 on Sunday, July 12, 2015 | 11:51 PM


|Dawei Watch|ထားဝယ်၊ ဇူလိုင် ၁၂
ထားဝယ်အများပိုင် ကုမ္ပဏီက  မောင်းမကန်ကမ်းခြေရှိ မြေဧက ၂၅၄.၈၀ ဧကကို အသုံးပြုခွင့် လျှောက်ထားသည်ကို ဒေသခံ ၇၀၀ ဦးကျော်က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ထားကြောင်း သိရသည်။
အထက်ပါ ကုမ္ပဏီမှ မြေအသုံးပြုခွင့်အတွက် ယခုနှစ် ဇွန်လတွင် လျှောက်ထားသည်ကို ဒေသခံများက ဇူလိုင်လ ၉ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းအုပ်ချုပ်ရေးမှူးတို့ထံ လိပ်မူပြီး ကန့်ကွက်စာ ပေးပို့ထား ကြောင်း မောင်းမကန်ကျေးရွာမှ ဦးထွန်းကြည်က ပြောသည်။
“လက်ရှိ လုပ်ကိုင်ခွင့်ရထားတဲ့ မြေဧရိယာထဲမှာတောင် ဟိုတယ်စီမံကိန်းကို ပြည့်ဝအကောင်အထည် မဖော်နိုင်ဘဲနဲ့ ၂၅၄.၈၀ဧက ကို ထပ်ပြီး လျှောက်လာလို့ ကန့်ကွက်တာ”ဟု ဦးထွန်းကြည်က ဆိုသည်။
ထို့အပြင် သစ်တောကြိုးဝိုင်းကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်လျက်ရှိသော မောင်းမကန်ကျေးရွာ ဧရိယာအတွင်း အများပိုင်ကုမ္ပဏီများက ဟိုတယ်စီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည့်အပေါ် မောင်းမကန်ကမ်းခြေ၌ ဇူလိုင်လ ၁၁ ရက်နေ့တွင် မောင်းမကန်ဒေသခံများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထားဝယ်အများပိုင်သည် တပ်မတော်မှ သိမ်းယူထားသော မောင်းမကန် ကမ်းခြေ မြေဧရိယာတွင် ကနဦး ဘန်ဂလို တည် ဆောက် ပြီးနောက် ၂၀၁၄ ခုနှစ်၌ မြေဧရိယာ ၁၄၈.၄၀ ဧကတွင် ဟိုတယ် စီမံကိန်းတည်ဆောက်ရန် လုပ်ပိုင်ခွင့်ရှိခဲ့သည်ဟု အထက်ပါ သဘောထားပြန်ချက်အရ သိရသည်။
ထိုနောက်တွင် ကုမ္ပဏီမှ ဧရိယာသတ်မှတ်ကာ ခြံစည်းရိုး ကာရံခဲ့သဖြင့် ယခင်က ယင်းမြေနေရာတစ်ဝိုက်တွင် ထွက်သည့်သီးနှံ အပင် ၁၂ မျိုးကို မဆွတ်ခူးရတော့ဘဲ ဒီရေတောများတွင်လည်း ရှာဖွေ စားသောက်ရန် အခက်အခဲရှိလာသည်။
ထို့အပြင် ရေလုပ်သားများ စက်လှေဆိပ်သို့ သွားသည့် လမ်းကိုလည်း တားဆီးခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
သစ်တောကြိုးဝိုင်း /ကြိုးပြင် ကာကွယ်တောများကို အများပိုင် ကုမ္ပဏီများအတွက် ပယ်ဖျက်ပေးကာ နှစ်အလိုက် မြေဌားရမ်း အသုံးပြု ခွင့်ပေးသည်ကို တာဝန်ရှိသူများနှင့် ဆက်စပ်ဌာနများက ပြုလုပ်နေသော်လည်း ကျေးရွာသူ /သား အများစု၏ မြေယာ ကိုမူ ကြိုးပြင် ကာကွယ်တောမှ ပယ်ဖျက်ခွင့် မရရှိသေးသည့်အပေါ် ဒေသခံများက မေးခွန်းထုတ်လျက် ရှိသည်။
ကျေးရွာဧရိယာအတွင်း အများပိုင်ကုမ္ပဏီများကို ဟိုတယ်စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသကဲ့သို့ ယင်းအများပိုင် ကုမ္ပဏီ များ နည်းတူ မောင်းမကန်ကျေးရွာသူ /သားများ၏ မိဘဘိုးဘွားအစဉ်အဆက် လုပ်ကိုင် စားသောက် နေထိုင်လာခဲ့သော မြေယာများကို အသုံးပြု လုပ်ကိုင်ခွင့် ရရှိစေရေးအတွက် လျင်မြန်စွာ လုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း အထက်ပါ သဘောထား ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မောင်မကန်ကမ်းခြေတွင် ဟိုတယ်စီမံကိန်းများကို ကမ်းခြေ၏ မြောက်ဖက်တွင် ထားဝယ်အများပိုင် ကုမ္ပဏီက ၂၀၁၂ခုနှစ် ဩဂုတ်မှ စတင်ကာ အကောင်အထည်ဖော်လာခဲ့ပြီးနောက် ကမ်းခြေ၏ တောင်ဖက်တွင် တနင်္သာရီအများပိုင် ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် ထပ်မံ၍ ဟိုတယ်စီမံကိန်းကို အကောင်အထည် ဖော်လုပ်ကိုင်လာခဲ့သည်ဟု သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template