Headlines News :
Home » , » အိန္ဒိယ ဟိန္ဒူဘုရားပွဲတော် လူများတိုးကြိတ်မိ၊ ၂၇ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော် လူများတိုးကြိတ်မိ၊ ၂၇ ဦးသေဆုံး (ရုပ်သံ)

Written By Live100 on Wednesday, July 15, 2015 | 3:11 PM


အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းက အန်ဒရာ ပရာဒက်ရှ့် (Andhra Pradesh) ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဟိန္ဒူဘုရားပွဲတော်တခုအတွင်း ဘုရားဖူးတွေ စုပြုံတိုးကြိတ်မိကြရင်း ၂၇ ဦး သေဆုံးသွားတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ရာဂျာမော်ဒရီ (Rajahmundry) မြို့ မဟာပူခ်ျကရာလူ (Maha Pushkaralu) ဘုရားပွဲတော်အတွင်း ဂိုဒါဗရီ (Godavari) မြစ်ထဲအဆင်းမှာ စုပြုံ တိုးကြိတ်မိကြတာပါ။
ဖိနပ်တွေ ကျွတ်လို့ ပြန်အကောက်မှာ လူတွေထပ်မိပြီး နင်းမိခဲ့ကြတာလို့ ဒေသခံရဲတွေက ပြောဆိုပါတယ်။
ဒီ ၁၂ ရက်ကြာ ကျင်းပတဲ့ ဘုရားပွဲအတွင်း ဂိုဒါဗရီမြစ်ထဲ ရေဆင်းချိုးရင် ပြုခဲ့သမျှ မကောင်းမှုတွေ ကင်းစင်တယ်လို့ ဘုရားဖူး ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြတာပါ။
ဒဏ်ရာရသူ အယောက် ၄၀ ရှိခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆေးရုံ အာဏာပိုင်တွေက ပြောပါတယ်။
အခုလို ဘုရားဖူးတွေ ပိတ်ကျပ်ပြီး နင်းမိခဲ့ကြတဲ့အချိန်ဟာ မိနစ် ၂၀ လောက်ကြာမယ်လို့ မျက်မြင်ဘုရားဖူးတဦးက ပြောပါတယ်။
အခုလိုဖြစ်ပွားရခြင်း အကြောင်းရင်း အသေးစိတ်ကိုလည်း ဒေသခံ အာဏာပိုင်တွေက စုံစမ်းနေပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မိုဒီက အခုလို ဘုရားဖူးတွေ ဘုရားပွဲတော်အတွင်း သေဆုံးရတဲ့အတွက် ၀မ်းနည်းကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီ မဟာပူခ်ျကရာလူ ဘုရားပွဲတော်ကို နှစ်စဉ် နိုင်ငံတ၀န်းက ဘုရားဖူး သန်း ၂၀ ကျော် လာရောက်ကြပြီး ၂၀၁၃ ခုနှစ်ကတော့ အခုလို ထိုးနင်းကြိတ်မိခဲ့ကြပြီး လူ ၁၁၅ ယောက် သေဆုံးခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template