ကယားပြည်နယ် ဝန်ကြီးချုပ်လည်းဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကော်မတီရဲ့
ပြည်နယ် ဥက္ကဌ လည်းဖြစ်တဲ့ ဦးခင်မောင်ဦးဟာ ပါတီခေါင်းဆောင်အဖြစ်
ဦးဆောင်မှု မပြုနိုင်တဲ့အတွက် ပါတီကနေ နှုတ်ထွက်ခွင့်ပြုတာ
ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပြန်ထားပါတယ်။
ဦးခင်မောင်ဦးဟာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ်
လျာထားသတ်မှတ်ထားတဲ့ ပါတီရဲ့ မူဝါဒတွေကို လိုက်နာမှု မရှိတာတွေအပြင်
ပါတီတွင်း စိတ်ဝမ်းကွဲပြားမှုကို လုပ်တဲ့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့က
စစ်ဆေးတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ဆေးခံရစဉ်အတွင်း ဦးခင်မောင်ဦးက ကယားပြည်နယ်ရဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးကော်မတီကနေသာမက ပါတီဝင်တစ်ဦးကနေလည်း
နှုတ်ထွက်သွားတာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဦးခင်မောင်ဦး မတိုင်ခင် ကယားပြည်နယ် ဝန်ကြီးတချို့ကလည်း နှုတ်ထွက်မှုတွေ ရှိခဲ့ပါတယ်။
ပြဿနာတွေ ဖြစ်ပြီး ပါတီကနေ နှုတ်ထွက်တာ မဟုတ်ဘူးလို့ အစောပိုင်းတုန်းက
ပြောခဲ့ကြပေမယ့် အခုအခါမှာတော့ ပါတီအတွင်း သဘောထား ကွဲလွဲမှုတွေ
ရှိနေတာကို ထင်ဟပ်စေပါတယ်။
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့
ဦးအောင်မင်းတို့က ကယားပြည်နယ် ရှားတောမြို့နယ်နဲ့
ဘောလခဲမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်ရေးပါတီကို
တင်ပြပြီးနောက် ပြည်နယ်အစိုးရအတွင်း နှုတ်ထွက်မှုတွေ
ထွက်ပေါ်လာတာလို့လည်း ပြောဆိုနေကြပါတယ်။
ABC Radio Australia
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago