ရန်ကုန်မှာ နှစ်ဘက်ဆွေးနွေးပွဲ ဆက်နိုင်ဖို့ တိုင်းရင်းသား အဆင့်မြင့်
ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
လော်ခီးလာညီလာခံက ဖွဲ့ပေးလိုက်တဲ့ နော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့
တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးလှမောင်ရွှေ
ခေါင်းဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေကြတာ
ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ နော်စီဖိုးရာစိန်
ခေါင်းဆောင်တဲ့ တိုင်းရင်းသားအဆင့်မြင့်အဖွဲ့တို့ ရန်ကုန်မှာ
တွေ့ဆုံဆွေးနွေးကြမယ့်ရက် သတ်မှတ်ဖို့ မျှော်လင့်တယ်လို့
မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်းအဖွဲ့နဲ့ တိုင်းရင်းသား အဆင့်မြင့်အဖွဲ့တို့ဟာ
ဒီလထဲမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး
နှစ်ဘက်ဆွေးနွေးပွဲတွေ ဆက်ဖို့ သဘောတူထားကြတာ ဖြစ်ပါတယ်။
DVB