Headlines News :
Home » , , » အစိုးရနှင့် ဒီကေဘီအေ ပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းရန် ကေအန်ယူ တိုက်တွန်း

အစိုးရနှင့် ဒီကေဘီအေ ပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းရန် ကေအန်ယူ တိုက်တွန်း

Written By Live100 on Wednesday, July 15, 2015 | 8:02 PM


လတ်တလော မြန်မာအစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ) တို့
 ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ နှစ်ဖက်အဖွဲ့အစည်းတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းလိုက်ပါတယ်။
အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ပြည်သူလူထုတွေ အတိဒုက္ခရောက်နေသလို လက်နက်ကိုင် အဖွဲ့အစည်းများတဲ့ ကရင်ပြည်နယ်အတွင်း နားလည်မှုတွေ လွဲမှားလာနိုင်တယ်လို့ ကေအန်ယူ အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက ပြောပါတယ်။
“အခုလက်ရှိ အာရှလမ်းမသော်လည်းကောင်း ဒီကေဘီအေနဲ့ မြန်မာအစိုးရ တပ်မတော်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်တယ်ဆိုတော့ ကျနော်တို့ ကရင်ပြည်နယ်အတွင်းမှာ စစ်ပဋိပက္ခတွေ မလိုလားဘူး။ နောက်တခုကလည်းပဲ ဒီလိုပဋိပက္ခတွေ ဖြစ်ပေါ်လာမှုအပေါ်မှာ ကျနော်တို့က စိုးရိမ်တယ်။ ကရင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် အစုအဖွဲ့တွေကလည်း များနေတဲ့အတွက်ကြောင့်မို့ တစုံတရာအားဖြင့် အပြန်အလှန် နားလည်မှု လွဲမှားခဲ့ရင် ဒါတွေက ပဋိပက္ခ ဖြစ်နိုင်တယ်။ အဲလို ပဋိပက္ခ ဖြစ်လာလို့ရှိရင် ကျနော်တို့ ဖြေရှင်းကိုင်တွယ်နိုင်ဖို့အတွက် ကျနော်တို့ အဖွဲ့အစည်းတွင်းမှာလည်း ကြိုးစားနေတယ်။”
ဒါ့အပြင် ဒီတိုက်ပွဲတွေကြောင့်လည်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ချုပ်ဆိုဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (အန်စီအေ) ဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း မထိခိုက်စေလိုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နှစ်ဘက်ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာ ဆောင်ရွက်ဖို့ နှစ်ဘက်စလုံးကို ကေအန်ယူက တိုက်တွန်းတောင်းဆိုပြီး တွေ့ဆုံဆွေးနွေးရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကေအန်ယူအနေနဲ့ ၂၀၁၂ တုန်းက ဖွဲ့စည်းခဲ့တဲ့ ကရင်နက်ကိုင်အဖွဲ့ ညီညွတ်ရေးအတွက် ကော်မတီကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့လည်း  ပဒို စောသောသီဘွဲက ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template