Headlines News :
Home » » လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လုပ်ဆောင်မည်ဟု နိုင်ငံတော် သမ္မတပြော

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လုပ်ဆောင်မည်ဟု နိုင်ငံတော် သမ္မတပြော

Written By Live100 on Sunday, November 1, 2015 | 11:20 PM




သမ္မတ ဦးသိန်းစိန် ကော့သောင်းသို့ ရောက်စဉ်
ဓာတ်ပုံ - နိုင်သစ် / Dawei Watch

|Dawei Watch| ကော့သောင်း၊ အောက်တိုဘာ ၃၁
ရွေးကောက်ပွဲသည် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သောကြောင့် လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လုပ်ဆောင်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃၁ ရက်နေ့က ကော့သောင်းမြိ့သို့ ရောက်ရှိစဉ် ပြောကြားသည်။
ကော့သောင်းမြို့သို့ ရောက်ရှိစဉ် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကျင်းပနိုင်ရန်အတွင် ပြည်သူလူထုကလည်းပါဝင် ပူးပေါင်းကြရန် ပြောခဲ့သည်။
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် အချိန်ဖြစ်ပြီး လုံလုံခြုံခြုံ အေးအေးချမ်းချမ်း ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များကို လည်း မှာကြားထားသည်ဟု သမ္မတက ပြောသည်။
“အခု​ရွေး​ကောက်​ပွဲက နိုင်​ငံရဲ့ ဂုဏ်​သိက္ခာနဲ့ ဆိုင်​တယ်​”ဟု သမ္မတက ပြောသည်။
လုံခြံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တမ်မတော်ကို တာဝန်ပေးအပ်ထားသည်ဟု လည်း ပြောသည်။
နိုင်​ငံ​တော်​ သမ္မတကြီး၏ ခရီးတွင်​ ကာကွယ်​​ရေး ဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်လည်း အတူလိုက်ပါလာခဲ့သည်။
နိုင်ငံတော် သမ္မတသည် ထားဝယ်နှင့် မြိတ်မြို့များသို့လည်း သွားရောက်ခဲ့သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template