Headlines News :
Home » » ကြံ့ခိုင်ရေးနှင့် တစည ကျွန်းစု ကိုယ်စားလှယ်လောင်း နှစ်ဦး အပြန်အလှန် တရားစွဲမည်

ကြံ့ခိုင်ရေးနှင့် တစည ကျွန်းစု ကိုယ်စားလှယ်လောင်း နှစ်ဦး အပြန်အလှန် တရားစွဲမည်

Written By Live100 on Tuesday, November 3, 2015 | 10:54 PM


Dawei Watch| မြိတ်၊ နိုဝင်ဘာ ၃

အခြားပါတီများ၏ တံဆိပ်သုံးစွဲသည်ဟုဆိုကာ တိုင်ကြားသည့် ကိစ္စကို ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသော်လည်း ပြေလည်မှုမရခဲ့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦး အပြန်အလှန် တရားစွဲရန် စီစဉ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ကာယကံရှင်နှင့် ပါတီများထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းလွင်သည် မဲဆွယ်စည်းရုံးရာတွင် အခြားပါတီများ၏ လိုဂိုတံဆိပ်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုသည်ဟုဆိုကာ တစည ပါတီမှ ကျွန်းစုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးမိုးက စက်တင်ဘာလ ၃၀ ရက်နေ့က မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြို့နယ်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ပြေလည်ခြင်းမရှိဘဲ ထိုသို့ တရားစွဲရန် အထိဖြစ်လာခြင်းဖြစ်သည်။

စေ့စပ်ညှိနှိုင်းရေးပွဲနှစ်ကြိမ်စလုံးသို့ လက်ရှိ တိုင်းဒေသကြီး စီးပွားရေးနှင့် စီမံရေး ၀န်ကြီးလည်း ဖြစ်သူ ဦးသိန်းလွင်တက်ရောက်ခြင်းမရှိဘဲ ၎င်း၏ကိုယ်စား ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးလင်းမောင်အေးသာ တက်ရောက်ခဲ့သည်။

“ဦးသိန်းလွင်က သက်ဆိုင်ရာ ဥပဒေကြောင်းအရပဲ ဖြေရှင်းသွားမယ်လို့ ပြောထားတဲ့အတွက် ဥပဒေကြောင်းအရပဲ သွားမှာပါ”ဟု ဦးလင်းမောင်အေးက ပြောသည်။

ဂုဏ်သိက္ခာညှိနွှမ်းစေမှုဖြင့် ဦးသိန်းလွင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဦးကျော်စိုးမိုးကို ကျွန်းစုမြို့နယ် တရားရုံးတွင် တရားစွဲရန် ကြိုးပမ်းခဲ့သော်လည်း ပလပ်ခံထားရသည်။

ယင်းကြောင့် ခရိုင်တရားရုံးတွင် ထပ်မံတရားစွဲသွားမည်ဖြစ်ပြီး ပလပ်ခံရပါက တိုင်းတရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးလင်းမောင်အေးကဆိုသည်။

ဦးကျော်စိုးမိုးကမူ ဦးသိန်းလွင်ကို ပါတီတံဆိပ် အလွဲသုံးစားပြုမှုဖြင့် တရားစွဲသွားမည်ဟု ဆိုထားသည်။

“ပါတီရဲ့လိုဂို (တံဆိပ်) တွေကို သုံးတာက ဘယ်ဥပဒေနဲ့ ညှိသလဲဆိုတာ မတွေ့ပါဘူး။
အလွှဲသုံးစားလုပ်ရင်လည်း အလွဲသုံးစားလုပ်တဲ့ အမှုနဲ့တရားစွဲလို့ရပါတယ်”ဟု
မြိတ် ခရိုင်ဥပဒေအရာရှိ ဦးလှထွန်းက ပြောသည်။

“နှစ်ဖက်စလုံးက ဥပဒေကြောင်းအရသွားမယ်ဆိုတဲ့ အတွက် တရားရုံးမှာပဲ ဖြေရှင်းကြပါ”ဟု ဦးလှထွန်းက ဆက်ပြောသည်။

နိုဝင်ဘာ ၃ ရက်နေ့ စေ့စပ်ညှိနှိုင်းပွဲတွင် ပါတီကြီးနှစ်ခု၏ ကိုယ်စားလောင်းဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းအပါအဝင် ရပ်/ကျေးကော်မရှင်တစ်ခုမှ မဲစာရင်းဖောင်းပွမှုများရှိနေခြင်းနှင့် စည်းတံဆိပ်တွင် မင်ယိုနေသည့်ကိစ္စတို့အပြင် အခြားကိစ္စတစ်ချို့တို့ကို စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။

Dawei Watch

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template