Headlines News :
Home » » ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်ခွင့်လက်မှတ် ထပ်မံထုတ်ပေး

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် နေထိုင်ခွင့်လက်မှတ် ထပ်မံထုတ်ပေး

Written By Live100 on Monday, November 2, 2015 | 7:24 PM


 ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်လက်မှတ် ပြုလုပ်နေကြစဉ်။ (ဓာတ်ပုံ - pptvthailand.com)
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေဒေသ ခရိုင် ၂၂ ခုမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်ခွင့် လက်မှတ်တွေ ဒုတိယအကြိမ် လုပ်ပေးနေပြီလို့ ထိုင်းအလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာနက  ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်သမားရှားပါးမှု ပြဿ     နာ၊ တရားမ၀င် အလုပ်သမားပြဿ နာတွေ ဖြေရှင်းတဲ့အနေနဲ့ ၂၀၁၅ နိုဝင်ဘာ ၂ ရက်မှ ၂၀၁၆ ဇန်န၀ါရီ ၃၀ ရက်အထိ ရက်ပေါင်း ၉၀ ကာလအတွင်း နေထိုင်ခွင့်မှတ်ပုံတင်တွေ လုပ်ပေးသွားမယ်လို့ ထိုင်းအလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာရာ့ခ် ဖွန်းမနီးက သတင်းထောက်တွေကို ပြောပါတယ်။
အထူးသဖြင့် ငါးဖမ်းလှေနဲ့ ရေလုပ်ငန်းဆိုင်ရာ အလုပ်သမားတွေအတွက် ရည်ရွယ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
လက်ရှိ နေထိုင်ခွင့် လုပ်ပေးနေတဲ့ ခရိုင်တွေထဲမှာ ဆမွတ် ဆာခွန်း၊ လယောင်း၊ တရတ်၊ ချွန်းဖွန်း၊ ဆုန်ခလာ၊ ရနောင်း၊ ဆဒွန်း၊ ဆမွတ်ပရကန်၊ ချွန်းပူရီ၊ ကျန်ထပူရီ၊ ချချိန်းဆောင်း၊ ဆမွတ်ဆုန်ခလမ်း၊ ဖစ်ချပူရီ၊ ပရကျူတ်ခီရိခန်၊ နခွန်းဆီထမရတ်၊ ကရပီ၊ ဖန်င၊ ဖူးခက်၊ ဆူရတ်ဌာနီ၊ တရန်း၊ ပတ္တနီနဲ့ နရာသီဝပ် စတဲ့ ခရိုင်ပေါင်း ၂၂ ခု ပါဝင်ပါတယ်။
သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားတွေ ခေါ်ဆောင်ပြီး ခရိုင်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ တနေရာတည်းအပြီး ဆောင်ရွက်ပေးတဲ့ ဌာနတွေမှာ သွားရောက်ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
ကုန်ကျစရိတ်အနေနဲ့ ကျန်းမာရေးဆေးစစ်ခ ဘတ် ၅၀၀၊ ကျန်းမာရေးအာမခံကတ် ဘတ် ၁၆၀၀၊ အလုပ်သမား မှတ်ပုံတင်ကြေး ဘတ် ၁၀၀၀၊ ကိုယ်ရေးရာဇ၀င် မှတ်ပုံတင်ကြေး ဘတ် ၈၀၊ စုစုပေါင်း ၃၁၈၀ ကုန်ကျခံရမှာပါ။
သတ်မှတ်ကာလအတွင်း သွားရောက်မှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့သူတွေ အနေနဲ့ တည်ဆဲ အလုပ်သမား ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အလုပ်ရှင်ဆိုရင် ဒဏ်ငွေ အနည်းဆုံး ဘတ် ၁ သောင်းမှ ၁ သိန်းထိ၊ အလုပ်သမားဆိုရင် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂ ထောင်မှ ၁ သိန်းထိ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ခံရမယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သမား နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးတာ ခုတကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကုန်ကနေ အောက်တိုဘာလထိ ထုတ်ပေးခဲ့ပါတယ်။
မနှစ်က နေထိုင်ခွင့်ကတ် လုပ်ဆောင်သူ မြန်မာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၆ သိန်းကျော် ရှိပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template