Dawei
Watch| ထားဝယ်၊ နိုဝင်ဘာ ၆
ပထမအကြိမ်နှင့် ဒုတိယအကြိမ်
မဲစာရင်းကပ်ချိန်က ပါဝင်ဖူးပြီး နောက်ဆုံးအကြိမ်မဲစာရင်းတွင် မပါဝင်သူများအနေနှင့်
ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ တွင် လျှောက်ထားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ပြောကြားသည်။
ထားဝယ်မြို့နယ်ရှိ နိုဝင်ဘာလ ၂
ရက်နေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းတွင် မဲစာရင်းပါဖူးသူများနှင့်
ပြင်ဆင်၊ လျှောက်ထားဖူးသူများပြန်မပါဝင် သည့် ရပ်ကွက်အချို့ရှိနေပြီး
ယင်းသို့မပါဝင်သူများ မဲပေးခွင့်မရှိဟု ရပ်ကျေးကော်မရှင်များက
ပြောဆိုနေကြသည့်သော်လည်း အထက်ပါရွေးကောက်ပွဲအရာရှိက ရပ်/ကျေးများကော်မရှင်များတွင်
လျှောက်နိုင်ကြောင်း ၎င်းကပြောသည်။
“ရပ်ကျေးကို စာနဲ့ လျှောက်ရမယ်။
ရပ်/ကျေးက စစ်ပြီး မြို့နယ်ကို တင်ပြရမယ်။ မြို့နယ်က ခွင့်ပြုရင်ရတယ်” ဟု
ဦးထိန်လင်းဦးက ဆိုသည်။
ပထမအကြိမ်နှင့်
ဒုတိယအကြိမ်မဲစာရင်းကြေညာစဉ်က ပါခဲ့ဖူးသော်လည်း နောက်ဆုံးအကြိမ်မဲစာရင်းတွင်
အိမ်ထောင်စုတစ်ခုလုံး မပါဝင်သည့်အတွက် ရပ်/ကျေးကော်မရှင်သို့ သွားရောက်ပြောဆိုရာ
ရပ်/ကျေးကော်မရှင်က မဲပေးခွင့်မရှိတော့ဟု ပြောဆိုပြီး မြို့နယ်ကော်မရှင်သို့
သွားရောက်ပြောဆိုရန် ပြောခဲ့သည်ဟု ထားဝယ်မြို့၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက်အုပ်စုက
မဲစာရင်းမပါသူ တစ်ဦးက ပြောသည်။
“ခရိုင်ကော်မရှင်ကတော့ ရပ်/ကျေးကို
ကိုယ့်ဟာကိုယ်စာရေးပြီးလျှောက် လို့ရတယ်လို့ ပြောတယ်။ ဒီလိုမဲစာရင်းမပါတဲ့သူတွေ
တော်တော်များများရှိတယ်” ဟု ၎င်းက ဆိုသည်။
ပထမအကြိမ် နှင့် ဒုတိယအကြိမ်တွင်
တစ်ကြိမ်ပါဖူးရုံဖြင့် မဲပေးခွင့်ရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ
သက်ဆိုင်ရာရပ်/ကျေးကော်မရှင်တွ င် လျှောက်ထားနိုင်သည်ဟု ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးစိုးလွင်က ပြောသည်။
ပထမအကြိမ်နှင့်
ဒုတိယအကြိမ်မဲစာရင်းတွင် မပါဝင်ဖူးသူများနှင့် လျှောက်ထားခြင်းမရှိသူများမှာမူ
မဲပေးခွင့်မရှိတော့ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲထံမှ
သိရသည်။