Headlines News :
Home » » ရေလုပ်သားတစ်ဦး လုပ်ဖော်ကိုင်ဖက်များကို ဓားဖြင့် ခုတ်၊ စက်လှေကို မီးရှို့ဖောက်ခွဲ

ရေလုပ်သားတစ်ဦး လုပ်ဖော်ကိုင်ဖက်များကို ဓားဖြင့် ခုတ်၊ စက်လှေကို မီးရှို့ဖောက်ခွဲ

Written By Live100 on Thursday, November 5, 2015 | 10:59 PM





အခင်းဖြစ်သည့် လှေတွင် လိုက်ပါသည့် ရေလုပ်သားများ မြိတ် ဆိပ်ငယ်ဘောတံတားသို့ ရောက်လာစဉ်
ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

 မြိတ်၊ နိုဝင်ဘာ ၅

မြိတ်ကျွန်းစု မလိကျွန်းလှအနီး ရေပြင်တွင် ရေလုပ်သား ၅၀ ဦးကျော်ပါ မြိတ်နိုးသူ ငါးဖမ်းစက်လှေတွင် နိုဝင်ဘာလ ၄ ရက်၊ နံနက် ၃ နာရီခွဲခန့်က ရေလုပ်သားတစ်ဦး  လှေပေါ်ရှိ အခြား ရေလုပ်သားများကို ဓား ၂ လက်ဖြင့် လိုက်ခုတ်ကာ စက်လှေကို မီးရှို့ဖောက်ခွဲပစ်လိုက်ကြောင်း အဆိုပါ စက်လှေပါ ရေလုပ်သားများက ပြောသည်။
အခင်းဖြစ်ပွားသည့် ၀ါတန်း ငါးဖမ်းစက်လှေသည် ပြီးခဲ့သည့် ရက်ပိုင်းက မြိတ်မှ စတင်ထွက်ခွာခဲ့ပြီး ငါးဆရာနှင့် ရေလုပ်သားများအပါအ၀င် ၅၀ ဦး လိုက်ပါခဲ့ကာ အများစုမှာ ထားဝယ်ဇာတိများဖြစ်သည်ဟု သိရသည်။
"စက်လှေ မလိုက်တော့ဘူး၊ ရွာပြန်ချင်တယ်"ဟု ပြောနေသည့် အထက်ပါ ရေလုပ်သားအား ပြန်ပို့ရန် စီစဉ်နေစဉ် ယင်းသို့ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။
ဓား ၂ လက်ဖြင့်  ဝှေ့ရမ်းပြီး လိုက်ခုတ်နေ၍ ရေလုပ်သားတစ်ဦး သေဆုံးခဲ့ပြီး ကျန်သူများမှာ ရေထဲ ခုန်ချ ခဲ့သည်ဟု ၎င်းတို့က ရှင်းပြသည်။
"စိတ်ဖောက်ပြီး ဓားနဲ့ လိုက်ခုတ်တယ်လို့ ထင်ပါတယ်၊ လှေကိုလည်း မီးရှို့ပစ်လိုက်ပါတယ်၊
လှေသားတွေ အားလုံး ရေထဲခုန်ပြစ်ချလိုက်ပြီး ခပ်ဝေးဝေးရောက်မှာ
စက်လှကြီးပေါက်ကွဲသွားတယ်"ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ထားဝယ်ခရိုင်၊
သရက်ချောင်းမြို့နယ်မှ ရေလုပ်သား ကိုမင်းနိုင်က ပြောသည်။
လှေပေါ်တွင် အထက်ပါ ဓားဖြင့် လိုက်ခုတ်သူ တစ်ဦးတည်း ကျန်ချိန်တွင် ဂက်စ်ပိုက်ကို ဓားဖြင့် ဖြတ်ပြီး စက်ခန်းအတွင်း ဓာတ်ငွေ့ လွှတ်သွင်းကာ မီးရှိုက်ပစ်သဖြင့် လှေတစ်စီးလုံး မီးလောင် ပေါက်ကွဲသွားသည်ဟု ထားဝယ်ဇာတိ ရေလုပ်သား ဦးမြင့်စိုးက ရှင်းပြသည်။
ရေထဲ ခုန်ချခဲ့သည့် ရေလုပ်သားများကို အနီးအနားရှိ ကျေးရွာများမှ ကမ်းနီးငါးဖမ်းစက်လှေငယ်များက လာရောက် ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။
ယင်း ကိစ္စနဲ့ ပတ်သက်ပြီး မြိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့် စစ်ဆေး အရေးယူနေကြောင်း သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template