မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမယ်ဆိုရင်
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး အမေရိကန်နဲ့ ထားရှိတဲ့ ဆက်ဆံရေး
တိုးတက်လာနိုင်တယ်လို့ အိမ်ဖြူတော်ရဲ့ အကြံပေးတစ်ဦးက
ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ မကြာသေးခင်တုန်းကပဲ ပြန်ရောက်လာတဲ့ Ben Rhodes က
အခုလောလောဆယ် ပြဿနာတွေ ရှိပေမယ့်လည်း တရားမျှတမှု များတဲ့
ရွေးကောက်ပွဲ ဖြစ်ရင်တော့ စီးပွားရေးနဲ့ သံတမန်ရေးတွေမှာ တိုးတက်မှုတွေ
ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ဖယ်ရှားပေးပြီဆိုပေမယ့် အကုန်လုံးကို
မဖယ်ရှားပေးသေးတဲ့အကြောင်း မြန်မာရွေးကောက်ပွဲအပေါ် မူတည်ပြီး
အကျိုးခံစားရမှုတွေ ရှိလာမယ်လို့ ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲအပြီးမှာ
အမေရိကန် သမ္မတ ဘာရက်အိုဘားမား မြန်မာနိုင်ငံကို တတိယအကြိမ်
လာရောက်လည်ပတ်မယ်လို့လည်း သိရပါတယ်။
ABC Radio Australia