Headlines News :
Home » , » ထားဝယ်မြို့၏ ရှေ့မြောက်ဘက်တွင် ဥက္ကာခဲဟု ယူဆရသည့်အရာ ထပ်ကျပြန်

ထားဝယ်မြို့၏ ရှေ့မြောက်ဘက်တွင် ဥက္ကာခဲဟု ယူဆရသည့်အရာ ထပ်ကျပြန်

Written By Live100 on Tuesday, November 3, 2015 | 11:05 PM




Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ အရှေ့မြောက်ဘက်တွင် ဥက္ကခဲဟု ယူဆရသည် အရာ တစ်ခုကျခဲ့သည်ကို နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီကျော်ခန့်က တွေ့မြင့်ခဲ့ရကြောင်း မျက်မြင်ထားဝယ်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ဂြိလ်တုအပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲဟု ယူဆရသည့်အရာများ ကျခဲ့ဖူးသည့် ထားဝယ်ခရိုင်တွင် ယခုနိုဝင်ဘာလ ၂ ရက်နေ့ညတွင်လည်း ဥက္ကခဲဟုယူဆရသည့်အရာကို အပြာရောင်အလင်းတန်းအဖြစ်စမြင်တွေ့ခဲ့ရပြီး စက္ကန့်ပိုင်းအတွင်း အရောင်ဖြန့်ကျက်သွားခဲ့ကာ ကောင်းကင်တစ်ခုလုံး အပြာရောင်သန်းသွားသည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

“ရေဖြူဘက်မှာဖြစ်ဖို့များတယ်။ ရေဖြူနဲ့ ထိုင်းနယ်စပ်ကြားလိုမျိုးပေါ့။ ပေါက်ကွဲသွားတာမျိုးမဟုတ်ဘူး။ အပြာရောင်လင်းတန်းတစ်ခုဆင်းလာပြီး ကောင်းကင်တစ်ခုလုံး အပြာရောင်သန်းသွားတာမျိုး↔ဟု မျက်မြင်တွေ့လိုက်ရသည့် ထားဝယ်ဒေသခံ ကိုဖြိုးက ပြောသည်။

ထားဝယ်မြို့ခံအချို့က မူ မည်သည့်အရာ ကျသည်ဟူ၍ မသိရဘဲ လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားသည်ကိုသာ တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။

၎င်းအပြင် ဘန်ကောက် အပါအ၀င် ထိုင်းနိုင်ငံရှိ နေရာအချို့တွင်လည်း နိုဝင်ဘာလ ၂ ရက်နေ့ညက လောင်ကျွမ်းနေသည့်အရာဝတ္ထုများ ကျခဲ့သည်ဟု ထိုင်းနိုင်ငံ၏ PBS သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ယင်း ဥက္ကခဲဟု ယူဆရသည့်အရာ ကျခဲ့သည်ကို ထိုင်းနိုင်ငံတွင် နေထိုင်သူများနှင့် မြန်မာနိုင်ငံမှ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း စသဖြင့် နေရာများက လည်း မြင်တွေ့ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ထားဝယ်ခရိုင်နှင့် ကန်ချနာဘူရီ ခရိုင်နယ်စပ်တစ်လျှောက်တွင် ယင်းအရာများ ကျခဲ့ပြီး ပေါက်ကွဲသံများကြားခဲ့ရသည်ဟု ထားဝယ်ခရိုင်မေတ္တာမြို့နယ်ခွဲရှိ ဒေသခံများထံမှ သိရသည်။

Dawei Watch




Dawei Watch မှ ဓာတ်ပုံမရပါ။ Thai PBS ရုပ်သံမှ ပုံများကို အောက်ပါ Link များတွင် ရယူနိုင်ပါသည်။

https://web.facebook.com/Thaipbsengnews/photos/a.644847285560605.1073741828.597938690251465/1198551100190218/?type=3&theater

https://www.youtube.com/watch?v=O-zsMckKP-s
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template