Headlines News :
Home » , » နိုင်ငံတကာ ချစ်ကြည်ရေး စက်ဘီးစီးပွဲတွင် အသက် ၈၇ နှစ်အရွယ် ဦးသီးလှိုင် စီးနင်းမည်

နိုင်ငံတကာ ချစ်ကြည်ရေး စက်ဘီးစီးပွဲတွင် အသက် ၈၇ နှစ်အရွယ် ဦးသီးလှိုင် စီးနင်းမည်

Written By Live100 on Sunday, January 31, 2016 | 8:21 PM

                             စက်ဘီးစီးပွဲတစ်ခုတွင် ဦးသီးလှိုင် စက်ဘီးစီးနင်းနေစဉ် ၊ ဓာတ်ပုံ တင့်လွင်
|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၃၁
ထိုင်း - မြန်မာ နယ်စပ်မြို့များဖြစ်သည့် မြ၀တီနှင့် မဲဆောက်မြို့တို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် နိုင်ငံတကာ ချစ်ကြည်ရေး စက်ဘီးစီးပွဲတော်တွင် အသက် ၈၇ အရွယ် ထားဝယ်မြို့ခံ ဦးသီးလှိုင် ပါဝင် စီးနင်းမည်ဖြစ်ကြောင်း ထားဝယ်စက်ဘီးအသင်းထံမှ သိရသည်။
အဆိုပါ စက်ဘီးစီးပွဲတွင် နိုင်ငံတကာမှ ဖိတ်ခေါ်ထားသည့် စက်ဘီးဝါသနာရှင် ၂၀၀၀ ဦးခန့် ပါဝင်မည်ဟု ထားဝယ်စက်ဘီးအသင်း(Dawei Bike Association) ၏ နာယက တစ်ဦးလည်း ဖြစ်သည့် ဦးသီးလှိုင်က ပြောသည်။
"အခု တစ်ပတ်ကို တစ်ကြိမ် မိုင် ၅၀၊ ၆၀လောက် စက်ဘီး စီးလေ့ကျင့်နေတယ်၊ တခါတလေဆို မိုင် ၁၀၀ခန့် စီးနေတယ်"ဟု ဦးသီးလှိုင်က ဆိုသည်။
ဦးသီးလှိုင်သည် ၂၀၁၀ခုနှစ်က မြန်မာနိုင်ငံအ၀ှမ်းရှိ ပြည်နယ်/တိုင်းဒေသကြီး ၁၄ခုသို့  ထားဝယ်မြို့မှ စက်ဘီးစီး ၀ါသနာရှင် ၃ ဦးနှင့်အတူ စီနင်းခဲ့ပြီး တစ်ကိုယ်တော် စက်ဘီးစီး ခရီးစဉ်အနေဖြင့် ၂၀၀၂ခုနှစ်တွင်  ထားဝယ်မြို့မှ မြိတ်မြို့သို့ စီးနင်းခဲ့သည်ဟု သိရသည်။ 
ထိုအတူ တစ်ကိုယ်တော်ခြေလျင်ခရီးစဉ်အဖြစ် ၁၉၉၉ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ကချင်ပြည်နယ်၊ နောင်မွန်မြို့သို့ ၁၆၃၆ မိုင်၊ ၂၀၀၀ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ရခိုင်ပြည်နယ်ကို ပတ် ရန်ကုန်မြို့သို့ ၁၆၃၄ မိုင်၊၂၀၀၄ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း မြို့များသို့  ၅၁၅မိုင် ခရီးတို့ကို လမ်းလျှောက်ခဲ့သည်ဟု သိရသည်
 DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template