
ဆယ်မီနာကို ဖေဖော်ဝါရီလ ၆ ရက် နံနက် ၈ နာရီတွင်စတင်မည်ဖြစ်ပြီး ညနေ ၅ နာရီအထိကျင်းပမည်ဖြစ် ကြောင်း အစီအစဉ်တွင်ပါရှိပါသသည် ။ ပြည်တွင်းပြည်ပမှ စာသင်သံဃာတော်များ ၊ လေ့လာသူများ ၂၀၀ ၀န်းကျင် တက်ရောက်ခဲ့သည် ။
သျှမ်းပြည်သံဃာ့နာယက ဒေါက်တာပညာနန္ဒနှင့် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဦးဆောင်တည်ထောင်သူ ဒေါက်တာဓမ္မသာမိတို့က နမောတဿ ၃ ကြိမ်ရွတ်ဆိုကာ ဆယ်မီနာ ဖွင့်ပေးခဲ့သည် ။ သျှမ်းပြည်နယ် သာသနာရေးဝန်ကြီး ဦးစိုးဝင်းလည်းတက်ရောက်အမှာ စကားပြောကြား ကြောင်း ဆိုပါသည် ။
ပြည်တွင်းပြည်ပမှ ပညာရှင်သံဃာတော် ၆ ပါးက ဗုဒ္ဓဘာသာတက္ကသိုလ်နှင့် သာသနာတော် ပျံ့ပွါးရေး ၊ သီရိလင်္ကာနိုင်ငံမှ ပါဠိနှင့်ဗုဒ္ဓတက္ကသိုလ် ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ဗုဒ္ဓဘာသာဆိုင်ရာဘာသာရပ်ပို့ချ မှုအစရှိ စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားသွားခဲ့ကြောင်း သိရသည် ။
ဖေဖော်ဝါရီလ ရ ရက် သျှမ်းပြည်အမျိုးသားနေ့တွင်မူ ဘုရားဖြူရပ်ကွက် ဗောဓိကုန်းရှိ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ ကျင်းပမည်ဖြစ်ပါသည် ။
သျှမ်းသံတော်ဆင့်