Headlines News :
Home » » လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပြီးဆုံး

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပြီးဆုံး

Written By Live100 on Tuesday, February 2, 2016 | 10:27 PM



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးခဲ့ရာမှာ ဒီကနေ့ပြီးဆုံး သွားပါတယ်။

ဒီကနေ့ နေပြည်တော်က သင်တန်းဆင်းပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက သူရဦးတင်ဦး၊ ဦးဝင်းထိန်၊ သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ပါတယ်။

သင်တန်းမှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေကို ပြည်သူ့လွှတ်တော် သင်တန်းခန်းမမှာ တစ်ပတ်ကြာပြုလုပ်ခဲ့တာဖြစ်ပြီး NLD တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ၃ ဦးကနေ ၅ ဦးအထိ တက်ရောက်ခဲ့ပါတယ်။

သင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိကြီးတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေ၊ ရှေ့နေ ဦးကိုနီအပါအ၀င် ဥပဒေပညာရှင်တွေက သင်ကြားခဲ့တာဖြစ်ပါတယ်။

သင်တန်းမှာ ထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းက ဦးမန်းဂျော်နီ၊ ရန်ကုန်တိုင်းက ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်က ဦးဇိုဘွဲ့၊ ရခိုင်ပြည်နယ်က ဦးညီပုတို့လည်းပါဝင်ကြပါတယ်။

အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေထဲက တချို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အဖြစ် တာဝန်ယူမယ့်သူတွေဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template