

ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ပြီးဆုံးပြီ ဖြစ်သော သူရဦးရွှေမန်းမှ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းအား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပြည်ထောင်စု လွှတ်တော် အဆောက်အဦရှိ ပြည်ထောင်စု လွှတ်တော် နာယက၏ ရုံးခန်း၌ နာယကတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။








