Headlines News :
Home » » ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စ ANP ပါတီတွင်း သဘောထားကွဲ

ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စ ANP ပါတီတွင်း သဘောထားကွဲ

Written By Live100 on Tuesday, February 2, 2016 | 11:17 PM


ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို စစ်တွေမြို့မှာကျင်းပစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေထဲက မရခဲ့ဘူးဆိုရင် အတိုက်အခံပါတီ အဖြစ်ရပ်တည်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ANP ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၇ ယောက်ရှိရာမှာ ၇ ဦးသာ တက်ရောက်တဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း၊ ဒီလို ကိစ္စမျိုးကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများစု တက်ရောက်မှသာ ဆွေးနွေးဆုံးဖြတ် ရမှာဖြစ်တယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးကျော် က ပြောပါတယ်။

"၁/ ၂ဝ၁၆ ဟာ ကျနော်တို့ပါတီရဲ့စည်းမျဉ်းနဲ့ကျတော့ မညီဘူးဗျ၊ မညီတဲ့အကြောင်းက ဒီရခိုင်အမျိုးသားပါတီမှာ အဲ့လိုကြေညာချက်တွေထုတ်ဖို့၊ တစ်ခုခုဆုံးဖြတ် ဖို့ဆိုရင် CEC ရဲ့ကျနော်တို့ တစ်ဝက်ကျော်တက်ရမယ့် အစည်းအဝေးကသာဆုံးဖြတ်ချက်ပေးပြီး လုပ်လို့ရမယ်၊ CEC ကထုတ်ပြန်တဲ့ ၁/ ၂ဝ၁၆ ဟာ CEC အဲ့ပွဲကို ၇ ယောက် ပဲတက်တယ်၊ ကျနော်တို့ပါတီမှာ အခုချိန်ထိ ၃၇ ယောက်ရှိတယ်၊ ၇ ယောက် တက်ပြီးတော့ တစ်ဦးသောပုဂ္ဂိုလ်က ဒီဟာ ပုံစံမကျ၊ ဘောင် မဝင်ဘူးဆိုတာ သူတို့ ငြင်းချက်ထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ဒါပေမယ့် သူတို့ထုတ်လိုက်တဲ့အချိန်မှာ ဘောင်မဝင်ဘူးဖြစ်တာပေါ့နော်၊ ANP အနေနဲ့ အတိုက် အခံနေသွားမယ်ဆိုတဲ့ပုံစံမျိုးက ဒီလိုအရေးကြီးတဲ့ ကြေညာချက်မျိုးကို CEC အဆိုမဟုတ်ရင်တောင်မှ အများစုတက်တဲ့ အစည်းအဝေးမျိုးကသာ ဆုံးဖြတ်သင့် တယ်လို့ ကျနော်ထင်တယ်"

ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အစည်းအဝေး မတက်ရောက်နိုင်သူတချို့ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီးမှ ထုတ်ပြန် တဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။

"ဗဟိုကော်မတီ၊ ဗဟိုကော်မတီကနေ ဗဟိုအလုပ်အမှုဆောင် CEC၊ CEC ကနေ ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကို ပေးထားပြီးတော့ အခုကြေညာချက် ကလည်း ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကနေ မလာနိုင်တဲ့သူတွေကို ဖုန်းနဲ့အကြောင်းကြား တယ်၊ တချို့ကတော့ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘူးလေ၊ အယောက် ၂ဝ ရဲ့သဘောတူညီချက်ရရင်တရားဝင်တယ်၊ အဲ့ဒါကြောင့် ဒီကြေညာချက်ဟာ တရားဝင်ပါ တယ်၊ နောက်တစ်ခုက ဒါအထင်အရှားအားလုံး ကထောက်ခံထားတဲ့အတွက် ဒီဟာက အတည်ဖြစ်ပါတယ်"

အဲဒီကြေညာချက်ထွက်ပေါ်လာတာကြောင့် ANP ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ပါတီ နှစ်ခြမ်းကွဲ သွားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို စစ်တွေမြို့က ပါတီ ဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး ပါတီ အတွင်းရေးကိစ္စတွေ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာတွေ ရွေးချယ်ဖို့နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ANP ပါတီဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာတဲ့ ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း ကိုယ်စားလှယ် ၂၂ ဦး နဲ့ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် မထုတ်ပြန်သေးပေမဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေ ထွက်ပေါ်နေရာမှာ၊ အဲဒီစာရင်းတွေဟာ အမှန်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template