Headlines News :
Home » » ထားဝယ်တွင် ကုမ္ပဏီများ မှတ်ပုံ တင်နိုင်

ထားဝယ်တွင် ကုမ္ပဏီများ မှတ်ပုံ တင်နိုင်

Written By Live100 on Tuesday, April 26, 2016 | 8:55 AM


 ထားဝယ်၊ ဧပြီ ၂၄
ထားဝယ်မြို့တွင် မတ်လ ၃၀ ရက်နေ့က ဖွင့်လှစ်လိုက်သည့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တနင်္သာရီတိုင်းဦးစီးမှူးရုံးတွင် ကုမ္ပဏီများ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။
ယခင်က ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း များကိုရန်ကုန်ရုံးချုပ်နှင့် နေပြည်တော် ရုံးတို့တွင်သာ သွားရောက် လုပ်ဆောင်ရသည်။
ထားဝယ်တွင် ရုံးစဖွင့်သည့်နေ့တွင် ဆောက်လုပ် ရေး ကုမ္ပဏီ နှစ်ခု၊ ခရီးသွားလုပ်ငန်း နှစ်ခုနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်း တစ်ခုကို မှတ်ပုံတင် ပေးခဲ့ကြောင်း   တနင်္သာရီတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံး (DICA)မှ ညွှန်ကြားရေးမှူးက ဆိုသည်။
ရန်ကုန်တွေဘာတွေ သွားစရာ မလိုတဲ့အတွက် အချိန်ကုန် ၊ငွေကုန် သက်သာသွားတာပေါ့”ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး DICA ရုံးတွင် ကုမ္ပဏီများ ဖွဲ့အစည်းမှတ်ပုံ တင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ဒါရိုက်တာပြောင်းခြင်း၊ အစုရှယ်ယာလွှဲပြောင်း ခြင်း၊ လုပ်ငန်း ရည်ရွယ်ချက်ပြောင်းခြင်း၊ ရုံးခန်းလိပ်စာပြောင်းခြင်းနှင့် အမည် ပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းအပါအဝင် မန္တလေးတိုင်း ၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်၊ ဧရာဝတီတိုင်း နှင့် စစ်ကိုင်းတိုင်း တို့တွင် Directorate of Investment and Company Administration (DICA) 
ရုံးခွဲများဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

|Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template