နေပြည်တော် ဧပြီ ၃၀
အိမ်ခြံမြေ ဂရမ်လျှောက်ထားမှုအား ၄၅ ရက်အတွင်း ဆောင်ရွက် ပေးရမည်ဆိုသည့်
သတ်မှတ်ချက်ကို မေ၁ရက်တွင် သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ်
ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧပြီလ ၃၀ ရက်နေ့
နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၃ မှ ၁၇၃/၇
ကြားတွင်ကျင်းပပြုလုပ်သည့် ဆောက် လုပ်ရေးဝန်ကြီးဌာနဧ။် ရန်ကုန်-မန္တလေး
အမြန်လမ်း ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချရေး ရက် ၁၀၀ စီမံချက်
စတင်ဆောင်ရွက်သည့်အခန်းအနားဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က"
ပြည်သူတွေအရမ်းစိတ်ဝင်စားတာတစ်ခုရှိသေးတယ် အိမ်ခြံမြေ ဂရမ်သွားလျှောက်တဲ့အ
ခါမှာ ပိုက်ဆံတွေကုန်ပြီးတော့ အဆင့်တွေများပြီးတော့
တော်တော်နဲ့လည်းမရဘူးပေါ့နော် ၊အဲဒါကို လည်းပြည်သူလူထု
ကျွန်တော်လည်းပြည်သူလူထုပါဘဲ ကျွန်တော်လည်းခံစားခဲ့ရပါတယ် တော်တော်
များများမေးကြည့်တော့လည်း အဲဒီလိုပါဘဲ အိမ်ခြံမြေ ဂရမ်သွားလျှောက်ရင်
ပိုက်ဆံလည်းကုန်တယ် အချိန်လည်းကုန်တယ် ရချင်မှလည်းရမယ်ဆိုတော့
အနေအထားကိုဖြေဖျောက်ပြီးတော့ ရက်၁၀၀ စီမံ
ကိန်းမှာလည်းကျွန်တော်တို့အိမ်ခြံမြေ ဂရမ်လျှောက်တဲ့
ဂရမ်အမျိုးအစားတွေရှိတယ် ၊အဲဒီအပေါ်မူတည်ပြီးတော့ မေလ (၁)ရက်နေ့ကစပြီးတော့
သတ်သတ်မှတ်မှတ်ကြေညာပါမယ် ၊သတင်းစာထဲမှာလည်းကြေညာပါမယ်
ပြည်သူတွေအားလုံးသိအောင်လည်းကြေညာပါမယ် ရုံးရှေ့တွေမှာလည်းကပ်ထားပါမယ်
ဒီလို ဂရမ်းမျိုး (၇)ရက်ကြာရမလား (၇))က်ပါဘဲ နှစ်ပတ်ဆိုရင် နှစ်ပတ် ၊ ၁၅
ရက်ဆိုရင် ၁၅ ရက် ၊ ၂၂ ရက်ဆိုရင် ၂၂ ရက် စသည်ဖြင့် ပေါ့ ကျွန်တော်ကတော့ ၄၅
ရက် မကျော်စေရလို့ပြောထားပါတယ် ဒါကိုလည်း
ကျွန်တော်တို့ဝိုင်းဆောင်ရွက်ပါမယ် ဒါဆိုရင် တော်တော်များများ
ဂရမ်နဲ့ပတ်သက်တဲ့ ပြည်သူလူထု တွေ အများကြီး စိတ်ထဲမှာ အစိုးရဌာနတွေအပေါ်မှာ
ရှိနေတဲ့စိတ်ထဲမှာသိပ်ပြီးတော့
ဝမ်းမသာတဲ့ကိစ္စတွေကိုဝမ်းသာတာတွေဖြစ်အောင်ကျွန်တော်တို့ကြိုးစားပြီးတော့ဆောင်ရွက်ထား
တယ်ဆိုတာကိုလည်းပြောချင်ပါတယ် "ဟု ပြောကြားခဲ့သည်။
အိမ်ခြံမြေ ဂရမ်လျှောက်ထားမှုအား ၄၅ ရက်အတွင်း ဆောင်ရွက် ပေးရမည်ဆိုသည့်
သတ်မှတ်ချက်ကိုလည်း ပြည်သူအများသိရှိရန်အတွက် မေလ(၁)ရက်နေ့မှစတင်၍သတင်းစာ
ထဲမှကြေညာခြင်း၊အစိုးရရုံးများဧ။် ရှေ့ကြေညာဘုတ်များ၌ကပ်ထားမည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးက သတင်း မီဒီယာများအား တရားဝင်ပြောကြားခဲ့သည်။
ဖိုးသားကြီး
china.com Myanmar