Headlines News :
Home » » ကန့်ဘလူမြို့နယ်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၆၈၀ ဒသမ ၉၈၇ ခန့်ရှိ

ကန့်ဘလူမြို့နယ်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၆၈၀ ဒသမ ၉၈၇ ခန့်ရှိ

Written By Live100 on Sunday, April 24, 2016 | 12:14 AM


ကန့်ဘလူ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဧပြီ ၂၂ ရက်ညနေ ၃ နာရီခန့်က လေပြင်းများ တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှကျေးရွာ ၂၉ ရွာတို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားစေတီ၊ သာသနိက အဆောက်အဦးများ၊ ဝန်ထမ်းအိမ်ရာ၊ အများသုံး စက်ရေတွင်းနှင့် သုဿာန်ဇရပ်များ အမိုးလန်ကာ ထိခိုက်ပျက်စီးခြင်းများရှိရာ စုစုပေါင်းကျပ်သိန်း ၆၈၀ ဒသမ ၉၈၇ ခန့်ဆုံးရှုံးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။


" ၃ နာရီခန့်လောက်မှာ လေတွေ စတင်တိုက်ခတ် လာပြီးတဖြည်းဖြည်း ကြမ်းလာပါတယ်။ လေတွေ ကပတ် ပတ်ပြီးတိုက်တာ ဆိုတော့ လုကြီးလက် မောင်းခန့်လောက် သစ်ကိုင်းတွေ၊ အိမ်ခေါင်မိုးတွေ၊ သစ်သားချောင်း ဒိုင်း၊ မျှားတွေပါ ကျွတ်ထွက် ကုန်ပြီး တခြားနေရာထိ လွင့်ပါ သွားတယ်။ လူတွေ တိရစ္ဆာန်တွေ တော့ ထိခိုက် သေဆုံးခြင်း မရှိပါဘူး" ဟု ရေရှင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က ပြောပြသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုများကြောင့် ကျေးရွာ အုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ၂၉ ရွာရှိ လူနေအိမ် ၅၇၁ ထိခိုက်၍ ၂၁ လုံး ပျက်စီးရာ ကျပ်သိန်း ၄၈၉ ဒသမ ၅ ခန့်၊ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက်ပြီး ကျပ်သိန်း ၃၀ ဒသမ ၂၇ ခန့်၊ ဘုရားစေတီနှင့် သာသနိက အဆောက်အဦး ၂၂ ခုထိ ခိုက်ပြီး ကျပ်သိန်း ၁၁၃ ဒသမ ၆၆ ခန့်၊ အခြား စာသင် ကျောင်းများရှိ ဝန်ထမ်းအိမ်ရာ၊ အများသုံး စက်ရေတွင်းနှင့် သုဿာန်ဇရပ် ၁၅ ခုထိခိုက်ပြီး ၂ ခုပျက်စီးရာ ကျပ်သိန်း ၄၇ ဒသမ ၅၅၇ ခန့်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template