Headlines News :
Home » » ပါတီမှထုတ်ပယ်ခြင်းသည် စည်းမျည်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိဟု သူရဦးရွှေမန်း ပြော

ပါတီမှထုတ်ပယ်ခြင်းသည် စည်းမျည်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိဟု သူရဦးရွှေမန်း ပြော

Written By Live100 on Wednesday, April 27, 2016 | 9:36 PM



ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံလိုက်ရသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ၎င်းအနေနှင့် မည်သည့်ပြစ်ချက်ဖြင့် စွဲချက်တင်ပြီး ပါတီမှ ထုတ်ပယ်ခံရခြင်းကို မသိရှိကြောင်း၊ ယင်းသို့ ထုတ်ပယ်ခြင်းသည် ပါတီ၏စည်းမျည်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်နေ့ အစည်းအဝေးအပြီး ထုတ်ပယ်ခြင်းခံရသူ စုစုပေါင်း ၁၇ ဦးရှိပြီး သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ၁၁ ဦးလုံး ပါဝင်သည်။

ယင်းနှင့်ပတ်သက်၍ သူရဦးရွှေမန်းက“ဘာအပြစ်တွေနဲ့ စွဲချက်တင်ထားသလဲ မသိဘူး။ ပြီးတဲ့အခါမှာ ဘယ်လို စုံစမ်းသလဲ မသိဘူး။ ဘယ်လို ဆုံးဖြတ်သလဲလည်း မသိဘူး။ ဘယ်လို အရေးယူတယ်ဆိုတာက အစ ဂဃနဏ မသိဘူး”ဟု ပြောကြားသည်။

ယင်းအပြင် ပါတီမှထုတ်ပယ်ခြင်းခံရသူ ၁၁ ဦးမှ သတင်းစာရှင်းလင်းပွဲမတိုင်မီ ထုတ်ပြန်ချက်၌ “၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက် ည(၁၀)နာရီခွဲအချိန်ခန့်တွင် လုံခြုံရေး အဖွဲ့အင်အား အသုံးပြုပြီး ပါတီဌာနချုပ်ရုံးကို စီးနင်းနေရာယူ သိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အား ပြင်ဆင်ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါသည်။ ပါတီ ညီလာခံနှင့် ပါတီဗဟို
ကော်မတီကရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှု
ဆောင် ကော်မတီဝင်များကို ဖယ်ရှားပြီးရက်ပိုင်းအတွင်းမှ ပါတီဝင်ဖြစ်လာသူများနှင့် သာမန် ပါတီဝင်အချို့တို့ကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း တို့သည် တည်ဆဲဥပဒေနှင့် ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူ သိမြင်နိုင်မည်ဖြစ်ပါသည်”ဟု ဖော်ပြပါရှိသည်။

ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ၁၇ ဦးမှာ
၁-သူရဦးရွှေမန်း
၂-ဦးဇော်မြင့်ဖေ
၃-ဦးမောင်တိုး
၎-ဦးကြည်သာ
၅-ဦးအေးမောက်
၆-ဦးကိုကိုနိုင်
၇-ဦးမြင့်ထွန်း
၈-ဦးတင်မောင်ဦး
၉-ဦးလှမြင့်ဦး
၁၀-ဦးစိုးမြင့်
၁၁-ဦးမောင်သိန်း
၁၂-သူရဦးအောင်ကို
၁၃-ဦးမျိုးမြင့်
၁၄-ဦးဆန်းဆင့်
၁၅-ဦးဝင်းသန်း
၁၆-ဦးခင်ရွှေ
၁၇-ဦးစံရွှေအောင်

တို့ဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template