Headlines News :
Home » , » မဲခေါင်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဂျပန်က အထောက်အပံ့ ယန်းဘီလျံ ၆၀၀ပေးမည်

မဲခေါင်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဂျပန်က အထောက်အပံ့ ယန်းဘီလျံ ၆၀၀ပေးမည်

Written By လွင့်မောင်မောင် on Saturday, April 21, 2012 | 6:52 PM



တိုကျို ဧပြီ ၂၁

မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမျာအတွက် ဂျပန်နိုင်ငံက ပင်လယ်ရပ်ခြားအထောက်အပံ့(အိုဒီအေ)း ယန်း ၆၀၀ဘီလျံကို လာမည့်သုံးနှစ်အတွက် ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံကတရားဝင်ထုတ်ဖော်ပြောကြားလိုက်သည်။
ဧပြီ၂၁ရက် နံနက်က ဂျပန်နိုင်ငံ တိုကျိုမြို့အစိုးရဂဧည့်ဂေဟာတွင် ကျင်းပနေသော မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးအပြီးတွင် ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီတိုနိုဒက သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်င့တော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်၊ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တက်ရောက်ကြသည်။
`အခုစတုတ္ထအကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ပူးပေါင်းဆောင်ရွက်ရေးနဲက
 နူကလီယားမပျံ့ ပွားရေးကိစ္စတွေဆွေးနွေးနိုင်ခဲ့ပြီး တိုကျိုမဟာဗျူဟာ ၂၀၁၂နှင့်အတူ မဏ္ဍိုင်ကြီး(၃)ရပ်ပူးပေါင်းဆောင်ရွက်ရေးတွေကို သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တိုကျိုမဟာဗျူဟာ(လုပ်ငန်းစဉ်)များ အောင်မြင်ရေးအတွက်အပြည့်အ၀ပူးပေါင်းသွားမှာဖြစ်ပါတယ်`  ဟု မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေဲ့ ဦးဆောင်ဦးရွက်ဆက်လက် ဆောင်ရွက်သွားမည့် အကြောင်းကတိပေးပြောကြားသွားခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ထိုင်းက အထောက်အပံ့ ဒေါ်လာ ၇၇သန်းပေးရေးအစီအစဉ်များကို လည်းထပ်မံတင်ပြသွားခဲ့သည်။
စာမျက်နှာ ၁၂မျက်နှာပါ ၂၀၁၂ တိုကျိုမဟာဗျူဟာအစီအစဉ်တွင် မဲခေါင်ဒေသတွင်းချိတ်ဆက် ဆက်သွယ်မှုတိုးမြှင့်ရေး၊အတူတကွဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆိုင်ရာလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစဉ်ဆက်မပြတ်ထိန်းသိမ်းရေးလုပ်ငန်းများ သေချာအောင်လုပ်ဆောင်ရေး ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ကိုဖြင့် ဆောင်ရွက်ရန်ဖော်ပြပါရှိသည်။
 
မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေးသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ပြည်ထောင်စု ၀န်ကြီး များတက်ရောက်စဉ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template