Headlines News :
Home » » ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို ဆေးရုံဝန်ထမ်းနှစ်ဦး မတော်မတရားပြုကျင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို ဆေးရုံဝန်ထမ်းနှစ်ဦး မတော်မတရားပြုကျင့်

Written By လွင့်မောင်မောင် on Friday, April 20, 2012 | 6:54 PM


ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်
သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ
အမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို
တဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြ
တယ်လို့ ဆိုပါတယ်။

 အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊
ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်
သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ 
ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။ 

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ 
လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေ
ကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက
 ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ 
ကိုပြောပြခဲ့ပါတယ်။

ဘားမားဗီဂျေ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template