Headlines News :
Home » , » NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည်

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည်

Written By လွင့်မောင်မောင် on Thursday, April 19, 2012 | 7:55 AM



ရန်ကုန်၊ ဧပြီ ၁၈
  The Voice Weekly
ကြား ဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ ကြသည့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် များ ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ တက်ရောက် မည်၊ မတက် ရောက်မည်ကို မနက်ဖြန်တွင် ဆုံးဖြတ်ချက် ချ မှတ်မည် ဖြစ်ကြောင်း NLD ၏ မန္တလေးတိုင်း မဟာ အောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

"နက်ဖြန် မနက် ၉ နာရီကနေ ၁၀ နာရီအထိ လွှတ်တော် ကိုယ်စားလှယ် တွေကို NLD ရုံးချုပ်မှာ အစည်း အဝေး ခေါ်ထားတယ်။ အဲဒီတော့မှ ဆုံးဖြတ် ချက်ချမှာ"ဟု ဦးအုန်းကြိုင်က ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်း က တယ်လီဖုန်းမှ တစ်ဆင့် ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရမည့် စာပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် NLD က သမ္မတရုံးသို့ အကြံပြုလွှာပေးပို့ထားပြီး ယင်းပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဧပြီလ ၂၃ ရက် တွင် စတင်ကျင်းပမည့် လွှတ်တော် အသီးသီးသို့ တက်ရောက်ရေးမှာ မသေချာမှု များရှိနေချိန်တွင် ၄င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

လွှတ်တော် တက်ရောက်ရမည့် ကိုယ်စား လှယ်လောင်းများကို အကြောင်း ကြားထားကြောင်း ပြည်သူ့ လွှတ်တော်ရုံးအဖွဲ့ ၏ ညွှန်ကြား ရေးမှူး တစ်ဦးက ဧပြီလ ၁၀ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား ထားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။


 The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template